part 10

207 8 0
                                    

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းဝောာ်🪄

အပိုင်း(၁၀)

"ကဲ့ဟယ်"

ဖြောင်း....

"အား....နာလိုက်တာ"

အိုက်ထန်ငယ်ထိပ်ကိုပွတ်ကာ သူ့ကိုမျက်လုံးလှန်ကြည့်နေသည့်တိုင် မြစိတ်မကြည်သလိုကြည့်နေမိသည်။

"အိုက်ထန် မင်းလုပ်ပုံကြည့်စမ်း ဟက်ချိုး....မင်းကြောင့် ဒို့အခုဖျားနေပြီး ဟက်ချိုး"

"မြ ရော့ ရေနွေးပူပူလေးနဲ့ ပါရာလေးသောက်လိုက်"

ဒေါ်နန်းကည့်ခန်းထဲသို့ ရေနွေးဖန်ခွက်နှင့်ဆေးကဒ်ကိုင်ကာ စားပွဲပေါ်လာချပေးသည်။

အိုက်ထန်ကိုလည်း ကြပ်ကြပ်သတိထားဟူသည့်အကြည့်ဖြင့်ကြည့်ကာ အနောက်သို့ပြန်ဝင်သွားလေသည်။

ထိုနေ့က မြဆီမှ ကြီးကြီးမားမား တုံ့ပြန်တာမျိုးမကြုံလိုက်ရပေမယ့် အိမ်ရောက်တော့ သူပေါ့ရိုက်တာခံရသည်။

ဒေါ်ဆောင်းမြငွေရည်ကိုမလေးမစားလုပ်‌ရကောင်းမလားဆိုပြီး...

ခု သူမဖျားနေတယ်ဆိုပြီးသုံးရက်လောက် မတွေ့ရဘဲ ခုမှပြန်တွေ့ရတော့လည်း ခေါင်းကိုအဆော်ခံလိုက်ရသည်။

ဟုတ်ပါသည် သူမခုထိ အနွေးထည်ထူထူကြီးဝတ်၍ နှာစေးနေတုန်းပင်။

သူ့အပြစ်မကင်းတာမို့ ခေါင်းငုံ့သာနေမိတော့သည်။

"အဲ့နေ့က ဒို့ဘာမှမလုပ်ဘူးဆိုတော့ မင်းအမေရှိနေလို့ မင်းသက်သာသွားတယ်မှတ်ပါ ခုတော့ဒို့ မင်းကိုသိပ်ကျေနပ်သေးတာမဟုတ်ဘူး အဲ့ဒီတဇွတ်ထိုးရမ်းသမ်းလုပ်တက်တဲ့အကျင့်ကိုပြင်စမ်းပါ မဟုတ်ရင် နောက်တခါသာဆို မင်းအမေမျက်နှာလည်းထောက်နေမှာမဟုတ်ဘူးနော်"

မကျေနပ်လည်းမတက်နိုင်ဘူး ပေါ့(အဖေ့)ဆီက ရိုက်ခံထိထားတာာ အရိုးကွဲပြီးအောင့်မေ့ရတယ် ဟူး။။။တွေးရင်းကြက်သီးတောင်ထတယ်

အိုက်ထန်စိတ်ထဲက တွေးရင်း ပုခုံးနှစ်ဖက်ကိုတွန့်လိမ်လိုက်သည်မို့ မြနှုတိခမ်းကိုက်မိသွားသည်။

ခုထိ ပြောင်စပ်စပ်တွေလုပ်နေတုန်း ကောက်ထုပစ်ချင်စရာ..

မြ တွေးရင်းဒေါသထွက်လာရသည်။

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Where stories live. Discover now