part 5

231 7 0
                                    

ငွေမျှင်ရောင်သန်းသော
                     🪄🪄🪄
                        ဖန်သားနန်းတော်

အပိုင်း(၅)

"ဖြိုး ချယ်ရီတွေလှလိုက်တာ ဘယ်ကရတာလဲ"

မြ ရေချိုးပြီးချိန် ဧည့်ခန်း၌ ချယ်ရီပန်းခိုင်များတွေ့လိုက်ရချိန် စိတ်ထဲ ပျော်မိကာ မေးလိုက်ခြင်းဖြစ်သည်။

မြက ချယ်ရီပန်းလေးတစ်ခက်အားကိုင်ကာကြည့်ရင်းပြုံးလို့နေသည်

ဖြိုးကတော့ ဆိုဖာ၌ထိုင်ကာ ဆယ်တန်းသင်ရိုးစာအုပ်များဖြင့်အလုပ်ရှုပ်နေ၏။

"အော် အဲ့ဒါအိုက်ထန်ယူလာပေးတာလေ "

"ဟင်း..."

မြကိုင်ထားမိသည့်ပန်းခက်လေးကို နှုတ်ခေါင်းလေးရှုံ့၍ ခုံပေါ်ပြန်တင်လိုက်သည်။

ဖြိုးက ဘောပင်ဖြင့် မှတ်စာမှတိလျက်မှမြကိုလှန်းကြည့်ကာ ရယ်လျက်

"မြရယ် ကလေးနဲ့ပြိုင်ပြီး စိတ်ကောက်မနေနဲ့တော့"

"ဘာကလေးလဲ နင့်ကလေးက လူကြီးကိုလူကြီးမှန်းမသိနဲ့ အရိုင်းအစိုင်းလေး နောက်ငါက ကောက်တာမဟုတ်ဘူး သူ့ကိုမြင်တည်းကကြည့်မရဖြစ်နေတာ ဘယ်လို ဓာတ်လဲတော့မသိဘူး "

"သူ့ခမျာလည်း ရိုးသားတော့ ပွင့်ပွင့်လင်းလင်းပဲပြောတက်ဆိုတက်လို့ပါ မြရယ် နားလည်ပေးလိုက်ပါ"

"ဖြိုး နင်ကဘာသိလို့လဲ ပွင့်လင်းတာနဲ့ ရိုင်းစိုင်းတာမတူဘူးဟဲ့ လူဆိုတာ လေးစားမှုရှိရတယ် အဲ့အစုတ်ပလုတ်လေးက ကိုယ့်ထက်အသက်အများကြီးကြီးတဲ့လူကိုခင်ဗျားတွေကျုပ်တွေနဲ့ တစ်ခွန်းမကျန်ပြန်ခံပက်တာ ပွင့်လင်းတာမဟုတ်ဘူးရိုင်းတာ"

မြပြောရင်း အလိုမကျစွာ မျက်မှောင်ကိုကြုတ်ထားမိသည်။

"မြရယ် အိုက်ထန်က နင်ပြောသလိုလည်းမဟုတ်ပါဘူး ငါ့အပေါ်မှာလည်း ရိုရိုသေသေပါပဲဟ"

"အဲ့ဒါက နင်ကသူ့ကိုစာသင်ပေးနေတာကို ငါနဲ့က လုံးဝကိုကီးမကိုက်တာ ပြောပုံဆိုပုံက ရိုက်သတ်ချင်စရာလေး"

"ဟားဟား....နင်ကတော့ ကလေးနဲ့ပြိုင်ရန်ဖြစ်နေပြန်ပြီး"

"ဖြိုးမ နင်နော်"

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)Donde viven las historias. Descúbrelo ahora