part 11

177 6 1
                                    

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်🪄

အပိုင်း(၁၁)

"မြ ကျန်းမာရေးအတွက် ဒီလိုဝေးလံခေါင်ပါးတဲ့နေရာမှာ နေနေတာ မသင့်တော်ဘူး ရန်ကုန်ကိုပဲပြန်ကြရအောင်နော် ပြီးရင် မြ ခြေထောက်တွေပြန်ကောင်းလာအောင်ကိုယ်တို့အစွမ်းကုန်ကြိုးစားကြမယ် ကိုဟိုကိုပြန်မသွားခင် စေ့စပ်ထားကြမယ်လေနော်"

ကို့ရဲ့ချစ်ခြင်းမေတ္တာတွေကိုသိခဲ့ရပြီးနောက် မြဟာ ကိုယ့်ရဲ့ဈန္ဒတွေကိုလျစ်လျူရှု့ဖို့ မတက်နိုင်ခဲ့ပါ။

သူ့ဘက်က မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ပေးခဲ့သလို မြဘက်က‌လည်း ကိုစိတ်ချမ်းသာဖို့အတွက်ကိုဘာပြောပြောခေါင်းညိတ်လက်ခံပေးခဲ့သည်။

ဒီလိုပါပဲ ကိုယ်ချစ်တဲ့သူရှိလာရင် အလိုလိုသူ့အလိုကိုလိုက်ပေးချင်ကြတာ မိန်းမသားတို့ရဲ့ သဘာဝပါ။

မြ အဝတ်တွေသိမ်းနေတုန်း ဒေါ်နန်းကိုဝင်ကူသိမ်းပေးသည်။

"ဒေါ်နန်း အိုက်ထန်ရောမတွေ့ပါလား"

"အမလေး မြ မောင်က ပန်းအဆူးစူးပြီးတည်းက နေမကောင်းဘူးဆိုပြီး မလာနိုင်ရှာဘူး တော်တော် အားကိုးရမဲ့သား"

"အဟင်းဟင်း....ဒီကောင်လေးကတော့ ဖြစ်လိုက်ရင်အဆန်းကြီးပဲ"

မြဒီရက်ပိုင်း ကိုနဲ့သာအချိန်တွေကုန်ဆုံးဖြစ်၍ အိုက်ထန်မလာတာကိုလည်းသတိမထားမိပါ။

ဒီနေ့မှ ကိုအလုပ်ကိစ္စနဲ့ မန္တလေးဘက်သွားတုန်း မြလည်း သတိရတော့သည်။

"မြတို့ကဘယ်နေ့သွားမှာလည်း သဘက်ခါမှ ဒေါ်နန်း အိမ်နဲ့ခြံကိုတော့ဒေါ်နန်းကိုအပ်ခဲ့မယ်နော် မြ လစာကိုပုံမှန်ပဲ လုပ်ပေးခဲ့မယ် ဒေါ်နန်းတို့ ဒီကိုပြောင်းလာနေလို့လဲရတယ်သိလား"

မြ မာဖလာလေးကိုခေါက်ရင်းဆိုချိန် ဒေါ်နနက ဘီရိုထဲချိတ်ထားသည့်အင်္ကျီများကိုဆွဲထုတ်ပေးနေရင်း
မြဘေးဝင်ထ်ုကာ မြလက်တွေကိုအုပ်ကိုင်၍ စိတ်မကောင်းသည့်ဟန်ဖြင့်

"မြ သွားတော့မယ်ဆိုတော့ ဒေါ်နန်းရင်ထဲတစ်မျိုးပဲ ‌စိတ်ထဲမကောင်းဘူး မြနဲ့ခွဲရမှာ ငိုချင်လာတယ် ဖြစ်နိုင်ရင် ဒီမှာပဲ နေလို့မရဘူးလားဟင်"

ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)حيث تعيش القصص. اكتشف الآن