ငွေမျှင်ရောင်သန်းသော
🪄
ဖန်သားနန်းတော်ဇာတ်သိမ်းပိုင်း
"ဖယ်စမ်း"
ရဲရင့်က အိုက်ထန်ပါးစပ်နှင့်ကျောပြင်၌သွေးများချင်းချင်းနီအောင်ထွက်နေချိန် ပုခုံးကနေဆွဲခွာပြန်သည်။
သို့သော် အိုက်ထန်သည်လုံးဝအလွတ်မပေး၍ မရှိရှိမဲ့အားဖြင့် မျက်လုံးများ မပွင့်တပွင့်အနေအထားနှင့်ပင် မြကိုကျစ်နေအောင်ဖက်ထားလေသည်။
"အော် မင်းက အသက်ပေးပြီးကာကွယ်မယ်ပေါ့ ဟားဟား သောက်ရူးပဲ မပူနဲ့ မင်းဟာမပါ အခေါင်းထဲမင်းတူတူထည့်ပြီး သင်္ဂြိုလ်ပေးမယ်"
ရဲရင့်သည် မြအား အိုက်ထန်ကျစ်နေအောင်အုပ်မိုးထားသည့်ကြားက ရင်ဘတ်ကို ဓားဖြင့်စောင့်ချရန် ဓားကိုမြှောက်တင်လိုက်ပါသည်
"ဟာ ဟေ့ကောင် အောက်မှာရဲတွေ ဘယ်မအေ-ိုး သွားခေါ်လိုက်လဲမသိဘူး ချီး ပြေးတော့ ဟေ့ကောင်"
ဘုန်းမင်းကပြန်ပြေးတက်လာကာ အလောသုံးဆယ်ပြောလာသည့်စကားကြောင့် ရဲရင့်လည်း ဓားမြှောက်ထားရာမှဆဲကာ ဓားကိုပစ်ချ၍ ဟိုပြေးကမလို ဒီပြေးရမလိုပျာယာခတ်နေကြလေသည်။
"လာ...လာ...အနောက်လှေကားဘက်ကပြေးမယ်"
ဘုန်းမင်းဦးဆောင်မှုဖြင့် နှစ်ယောက်သားသုတ်ခြေတင်ကာပြေးကြပါတော့သည်။
"အဟွတ် ဟွတ်"
အိုက်ထန်မှာလည်း ပါးစပ်မှသွေးတွေအန်ကျလာတာမရပ်သလို မျက်လုံးတို့လည်းမေှးဆင်းနေလေပြီး။
"အိုက်ထန်သတိထားစမ်း မင်းဘာမှမဖြစ်စေရဘူး တို့မင်းကို ဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူး"
မြ မျကိရည်များကြားမှ သူ့မျက်နှာကို ကြည့်ကာ သတိပေးရင်းသူမကိုယ်တိုင်လည်း သူ့အခြေအနေကြောင့် စိုးရိမ်ပူလောင်နေရသည်။
"ဒီမှာ တွေ့ပြီး"
ထိုစဉ်ရဲတွေသူမတို့ရှိရာကိုရောက်လာကြကာ ရဲရင့်တို့အား ရှာသူကရှာ သူမတို့နှင့်ကျန်ခဲ့သူကကျန်ခဲ့ဖြင့်...
ESTÁS LEYENDO
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...