ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်
အပိုင်း(၉)
ကျွီး...ကျွီး...
ဖြက် ဖြက်.....
အိမ်ပြင်ဘက်၌ အကောင်ပလောင်အော်သံများနှင့် လေတိုက်၍ သစ်ရွက် သစ်ကိုင်းတို့အချင်းချင်းရိုက်ခတ်သံတို့ထွက်ပေါ်နေ၏။
"အပြင်မှာလေတွေတိုက်နေတာအရမ်းပဲ အိုက်ထန် နင့်ဖော့ပြန်မလာသေးဘူးလား မိုးရွာတော့မယ်ထင်တယ် "
"မလာသေးဘူးလေ"
ဒေါ်နန်း ဝါးလှေကားမှ အိမ်ပေါ်သို့လမ်းလျှောက်ဝင်လာရာ ဝါးကြမ်းခင်းက သူမခြေလှမ်းအတိုင်း မြည်သံထွက်လို့နေ၏။
"ပင် ဝါး... ရကောက်သေးသေးတင်တစ်ချောင်းငင်ရုံ
ပင်ဝါးရုံ
စလုံးလုံးတင်မသတ်စိမ် ဝစ်စနှစ်လုံးပေါက် စိမ်း
စိမ်းလဲ့ ငယ် တဲ့ ညို သဝေထိုးရကောက်ရေးချငသတ် ရောင်
စိမ်းလဲ့ ငယ် တဲ့ ညိုရောင်...."သူ၏ညီမဖြစ်သူ နန်းနွမ့်ဆိုင်လေးက ဖယောင်းတိုင်မီးရှေ့စာကျက်လို့နေ၏။
လေကတိုက်နေတာမို့ နွမ်ဆိုင်လေးမှ လက်ကလေးနှစ်ဖက်ဖြင့်ဖယောင်းတိုင်မီးမငြိမ်အောင်အုပ်ထားရရှာသည်။
အိုက်ထန်ကတော့ ဘုရားစင်ရှေ့သူ့အိပ်ယာဖျာပေါ်တွင်ထိုင်ကာ
ဖုန်းတစ်လုံးဖြင့်ဂိမ်းဆော့နေလေသည်။"ဟဲ့အိုက်ထန် စာမကျက်ဘဲ ဂိမ်းဆော့ပြန်ပြီးနော် ဟင့် ငါမပြောချင်ဘူးနော် အိုက်ထန် နင့်ဖော့လာရင်တော့လား နင်ကြည်ကြပ်နေ"
"မဲ့းကလဲ ညနေကပဲစာသင်ပြီးပြီကို နောက်လေဒီလောက်တိုက်နေတာဘယ်လိုစာကျက်ရမလဲ"
အိုက်ထန်တစ်ယောက်သူ့မဲ့းကိုမကြည့်ဘူး ဂိမ်းဆော့လျက်သားဖြင့်လှန်းပြောသည်။
"အော် နင့်ညီမရော ဘယ်လိုစာကျက်နေလဲနင်မတွေ့ဘူးလား"
"ဟာ ရှုံးပြီးကွာ"
ပန်းသီးပစ်ဂိမ်းဆော့နေသည့်အိုက်ထန်တစ်ယောက်မျက်နှာရှာံ့မဲ့သွားသည်
သူတို့နေရာက အင်တာနက်လိုင်းမမိ၍ လိုင်းဖွင့်ဆော့သော ဂိမ်းမဆော့နိုင်
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...