ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်🪄
အပိုင်း()
"ဟင်း...."
မြ နှိုးလာချိန်မှာတော့ ခေါင်းက ပကတိအတိုင်းပြန်လည်ကြည်လင်နေကာ ရင်ထဲတော့အစာမရှိသေး၍ မောနေတုန်းပင်။
မြ မျက်လုံးများကိုဖွင့်လိုက်ချိန်ပြတင်းမှန်မှ ကျရောက်နေသော နေရောင်စူးစူးကြောင့် မျက်စိကြိမ်းသွားရကာ လက်ဖြင့် မျက်လုံးကိုကာလိုက်မိသည်။
ထိုချိန် မြ ကျန်လက်တစ်ဖက်မှာ လက်တစ်စုံ၏ဆုပ်ကိုင်ခံထားရမှန်းခံစားမိကာ ခေါင်းငဲ့ ကြည့်မိစဉ် မြင်လိုက်ရသည့် လူကြောင့် စိတ်ထဲတိုမိသွားသည်။
မြဘနှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်မိကာ မျက်မှောင်ကြုပ်၍ သူ့လက်ထဲမှ မိမိလက်ကိုဆွဲထုတ်လိုက်သည်။
ထိုချိန် ခုတင်းစောင်း၌ မှီအိပ်နေသောအိုက်ထန်မှာ လွန့်လူးလာကာ မျက်လုံးမပွင့်တပွင့်ဖြင့် သူ့မျက်ခွံကိုပွတ်သပ်နေလေသည်။
အိုက်ထန် လက်ကိုလှုပ်လိုက်သလိုခံစားရ၍ နှိုးလာရကာ ငိုထား၍ လေးလံနေသော မျက်လုံးများကို ဖိပွတ်၍ မျက်လုံးမနည်းဖွင့်ကြည့်ရသည်။
သူ အမြင်အာရုံကြည်လင်လာစဉ် သူ့ကို နှုတ်ခမ်းအားကိုက်လျက် ခပ်စူးစူးကြည့်နေသော မ မျက်နှာလေးအား ကြည့်ကာ ဝမ်းသာသွားရသည်။
"ဟာ မ နိုးလာပြီး မ ဘာမှမဖြစ်ဘူးပေါ့နော် ဝမ်းသာလိုက်တာမရယ်"
သူပျော်လွန်းလို့ ဆန္ဒစောကာ သူမလက်လေးကို ကိုင်မည်ပြုစဉ်
"မထိနဲ့"
ခပ်ပြတ်ပြတ်အသံက အားနည်းနေသောလည်း နူးညံ့မှုတို့ရှိမနေပါ။
တပြိုင်နက်တည်း လက်နှစ်ဖက်လုံးအား သူမ ဝမ်းဗိုက်ပေါ် တင်လိုက်ကာ သူ့ကို သဘောမကျဟန်စိတ်ကြည့်၍
"မင်းက ဘာလို့ ဒီမှာရှိနေရတာလဲ ဘာလို့ ငါ့လက်ကိုကိုင်ထားရတာလဲ"
အိုက်ထန်အား အမြင်မကြည်စွာကြည့်၍ စိမ်းသက်စွာဆိုလာသော သူမစကားလုံးတို့ကြောင့် ပျော်ရွှင်မှုလေးများ ပျက်သုဉ်းသွားရသည်။
YOU ARE READING
ငွေမျှင်ရောင်သန်းသော ဖန်သားနန်းတော်(Completed)
Romance"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က မင်းနဲ့ကစားဖို့အချိန်မရှိဘူး အဲ့ဒါမင်းနားလည်ထား နောက်တခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဒို့ကိုလာမပြောနဲ့...