Zawgyi
"case က ပဲခူးဘက်မှာဖြစ်တာ၊ မင်းတစ်ချက် ရှာကြည့်လိုက် ငါ့ညီမှန်းမသိတော့ အုတ်အော်သောင်းနင်း ဖြစ်နေမှာ မဟုတ်ဘူး၊ လိုတာအကုန် စီစဉ်ပေးမယ် ငါ့ညီကိုသာ မထိခိုက်စေနဲ့"
တစ်ဖက်ကပြန်လည်ဖြေကြားနေသည်များကို နားထောင်ရင်း နေဝန်းချွေးစို့လာ၏။ ဘာလို့လှောင်ပြီး အိုက်သလိုခံစားနေရတာလဲ။
အဲကွန်းကို လှမ်းကြည့်တော့ ပိတ်ထားသည်။ remote ကိုရှာကြည့်လိုက်ပြီး အခန်းတွင်းအအေးဓာတ်ကို ပိုတိုးတင်စေလိုက်သည်။ ဘုန်းမာန်က ac ကိုမချိန်ပေးရကောင်းလားဆို၍လည်း အပြစ်ကတင်ချင်မိပြန်၏။
ုဖုန်းပြောခြင်းလည်း ပြီံးဆုံးသွားကာ အနောက်ကိုလှည့်ကြည့်မိတော့ မျက်ခုံးတို့တွန့်ချိုးရပြန်သည်။ ကောင်လေးနဖူးမှာ ချွေးစိုနေ၏။ နှစ်ခြိုက်စွာ အိပ်မောကျနေသော်လည်း ထိုကောင်လေးမှာ သက်တောင့်သက်သာ မရှိလှ။
ချွေးစလေးများစို့နင့်နေကာ ဘေးတစောင်းလေး အိပ်နေသည်။ ခပ်လျော့လျော့ သူခြုံထားသော စောင်ကို ဆွဲဖယ်ကာ အင်္ကျီကိုနည်းနည်းလှန်တင်လိုက်၏။ ဘေးတစ်စောင်းရှိသော ကျောပြင်သေးသေးလေးအား တစ်ချက်ကြည့်ကာ အနာငယ်တစ်ချို့ အခြေအနေကို စစ်ဆေးသည်။
အရင်ကထက် အများကြီး ပိုကောင်းလာပြီ၊ ရောင်ရမ်းတာတွေ ရော့နေပြီး အနာဖေးလေးများ ကွာကျနေသည်။ နောက်ရက်သတ္တပတ်အနည်းငယ်ဆို ပျောက်လောက်ပြီ။ နေဝန်း ထိုကောင်လေး၏ အင်္ကျီအား ပြန်ဆွဲချလိုက်ပြီး ကျောလေးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
နူးညံ့စွာပြုံးနေရင်း ထိုကောင်လေးအား တယုတယငေးနေသည်မှာ ပျားက ပန်းကိုငေးနေသလို ကောင်းကင်က ပင်လယ်ကို ငုံ့ကြည့်နေသလို။ ရောင်စုံမှိန်ဝါးနေတဲ့ သက်တံ့ရောင်ပင်လယ်ကြီးထဲ နေဝန်းတစ်ယောက် လမ်းပျောက်မှန်းမသိ ပျောက်လျက်ရှိကာပင် ပျောက်ဆုံးခြင်းတို့မှာ နှစ်ခြိုက်လာတော့သည်။
ချွေးစို့နေသော ထိုနဖူးပြင်လေးအား မက်မက်မောမောပင် ချွေးစက်တို့ကို ရွံရှာခြင်းမရှိ နမ်းရှိုက်မိလေသည်။ ပုန်းကွယ်လျှိုဝှက်တတ်သော မျက်လုံးတစ်စုံရှိရာသို့ အကြည့်မရောက်ခင်မှာပဲ ကောင်လေးက နိုးထရန် ဟန်ပြင်လာတော့သည်။

BẠN ĐANG ĐỌC
Even The Devil , Once An Angel(COMPLETED)
Lãng mạnSatan knows that he never be an angel again. Nay Wunn Arnar Chan Wai 14.3.23 9.8.24