အခန်း(၁၅)

3.4K 191 18
                                    

Zawgyi

တစ်လမ်းလုံး ချမ်းဝေက အငြိမ်မနေ။ ပေါက်ပေါက်ဖောက်ရင်း စကားတွေကို အများကြီး အများကြီးပြောနေ၏။ မိဘမဲ့ဂေဟာကိုသွားတိုင်း ကလေးတွေရဲ့ စကားသံတွေက သူ့ကို စိတ်‌အနှောက်အယှက်ဖြစ်စေခဲ့ဖူးတယ်။ ချမ်းဝေနဲ့ကျ မတူသလိုပါပဲ။ အနှောက်အယှက်ရယ်လို့ စိတ်ရှုပ်စရာလေးရယ်လို့ တစ်စိုးတစ်စိလေးတောင် မတွေးမိဘူး။

ပြောနေသည့် စကားလေးများ အများစုမှာ သူ့ညီမလေးအကြောင်းတွေပင်။

"နန်းဝေက ဟိုးငယ်ငယ်ထဲက လိမ္မာတာ၊ ဖေဖေအလုပ်ကပြန်လာလို့ မုန့်နှစ်ခုပါလာရင်တောင် နှစ်ခုလုံး ကျွန်တော့်ကိုကျွေးတဲ့သူမျိုး၊ တစ်ခါတစ်ခါကျရင်တော့ စိတ်ပုပ်တယ် ကျွန်တော့်ကို မကျွေးချင်လို့ မုန့်တွေဖွက်ဖွက်ထားရော"

ကားမောင်းနေရင်း စကားပြောနေတာလေးကို အသိအမှတ်ပြုတဲ့အနေနဲ့ မကြာခဏ ဘေးကိုခေါင်းလှည့်ကြည့်ကာ နေဝန်းကပြုံးနေမိတယ်။

"အိမ်အလုပ်ဆိုလည်း မေမေပင်ပန်းမှာစိုးတယ်ဆိုပြီး မလုပ်ပါနဲ့တားတဲ့ကြားက လုပ်ပေးတယ်၊ နန်းဝေက လိမ္မာရေးခြားရှိတဲ့ ကလေးပါ"

တစ်သက်လုံး ချမ်းဝေက အနားမှာ ရှိပေးမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ အဲ့လိုဖြစ်အောင်လည်း နေဝန်းစီစဉ်နေတယ်။ နန်းဝေကို သတ်ပြီးတော့ပဲဖြစ်ဖြစ် ရအောင်ကြိုးစားမယ်။

အားနာစိတ်ကလေး ပေါ်ပေါ်လာပေမဲ့ နတ်ဆိုးတစ်ကောင်အတွက် စာနာသနားခြင်းက ချမ်းဝေအပေါ်မှာပဲ ကွက်ပြီးသီးသန့်ဖြစ်တည်တာမျိုး။ ချစ်ခင်ရတဲ့လူကို ဆုံးရှုံးရတဲ့အတွက် ချမ်းဝေ အကြီးအကျယ်ဝမ်းနည်းမှာကိုပဲ တွေးပူတယ်။ ကျန်တာတွေ ခေါင်းထဲ သိပ်မရှိ။

သူဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာက ချမ်းဝေဖြစ်တာမို့ ဝင်ရိုးစွန်းပေါ် လာပိတ်နေမဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားလေးတွေအကုန် ရှင်းထုတ်ပစ်ရမှာပဲ။ ကမ္ဘာငယ်က ဝင်ရိုးစွန်းတစ်ခုနဲ့တင် ရှင်သန်ဖို့ လုံလောက်မှာပါ။

သွေးစွန်းတဲ့ ဖိတ်စာတွေပဲဆိုဆို၊ သူတို့မင်္ဂလာပွဲအတွက် ဖိတ်ရမှာပဲလေ။ တစ်ခုပဲ..ချမ်းဝေသာ သိသွားခဲ့ရင် သူသေမယ်ထင်တယ်။ စိတ်ပျက်ရွံရွာသွားမဲ့ မျက်နှာလေးကို တွေးတောင်မတွေးကြည့်ချင်ဘူး။ အနေအထားတွေ ဟန်ချက်ပျက်ကုန်မှာ။

Even The Devil , Once An Angel(COMPLETED)Donde viven las historias. Descúbrelo ahora