အခန္း(၂၀)

2.3K 111 13
                                    

Unicode

အကို့ရဲ့လက်တွေက ချမ်းဝေကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားပြီး မျက်နှာတစ်ခုလုံးကို အငမ်းမရနမ်းရှိုက်နေသည်။ နမ်းသည်ဆိုသည်မှာ နှာခေါင်းဖြင့်သာ တရှုံ့ရှုံ့လိုက်ပွတ်သတ်နေခြင်းဖြစ်ပြီး နှုတ်ခမ်းတွေနားရောက်ရင်ဖြင့် ပွတ်ကာသီကာ ရှောင်တိမ်းခြင်းကို ဆိုလိုပါသည်။

"အကို.."

ခါးသေးလေးကို ဆွဲဖက်ထားပြီး နောက်ဆုံးပိတ်အနေနဲ့ လည်တိုင်တွေကြား မျက်နှာအပ်ရင်း ငြိမ်ကျသွားတဲ့ အကိုက ချမ်းဝေရဲ့ ခေါ်သံကိုကြားတော့ "အင်း"ဟု ခပ်တိုးတိုးလေး တုန့်ပြန်တယ်။

"ဘာလို့ညဘက်ကြီး ပြန်လာတာလဲ"

အကိုကမဖြေ၊ အဲ့အစား သက်ပြင်းရှည်ကြီးချပြီး ဝမ်းနည်းနေတဲ့အသံလေးနဲ့

"ကိုယ်မနေ့က ဆေးစစ်ကြည့်တယ် အဲ့တာ ရောဂါဖြစ်နေပြီတဲ့"

"ဟင်! ဘာဖြစ်လို့လဲ ဘာလို့ရောဂါဖြစ်တာလဲ စိုးရိမ်ရလို့လား အကိုရဲ့"

ချမ်းဝေက နေဝန်းရဲ့ မေးကိုကိုင်ပြီး မျက်နှာအချင်းချင်း အတင်းစုံစေတော့ အကိုကပြုံးပြုံးလေးငေးကြည့်တယ်။

"ကိုယ်သေမယ်ဆို ငိုမှာလား"

"ဘာတွေပြောနေတာလဲ အကိုရယ် ကျွန်တော့်ကို စိုးရိမ်အောင်မလုပ်ပါနဲ့"

"ကိုယ်အတည်မေးနေတာ ချမ်းဝေလေးက အဲ့တာကိုမဖြေဘူးဆိုရင် ကိုယ်ဖြစ်နေတာကို ပြောပြဖို့ သတ္တိရှိမယ်မထင်ဘူး"

ချမ်းဝေရဲ့ မျက်နှာလေးက သိသိသာသာကို စိတ်မကောင်းဖြစ်နေဟန်၊ မျက်ဝန်းလေးတွေက အားငယ်နေပြီး နေဝန်းကိုအားကိုးတကြီးသာကြည့်နေ၏။ ပြီးနောက် ဖြေးဖြေးလေးပြောတယ်။

"အကိုုသေရင် ကျွန်တော်ငိုမိမှာပါ အဲ့တာကြောင့် မသေပါနဲ့နော် အဝေးကြီးကိုလည်း ထွက်မသွားနဲ့"

"ဘာလို့ငိုမှာလဲ ကိုယ်ကချမ်းဝေအတွက် အဲ့လောက်ထိ အရေးပါတာလား"

"အင်း..."

ခပ်တိုးတိုးဖြေရင်း ခေါင်းငြိမ့်ပြတဲ့အခါ နေဝန်းက နဖူးလေးကို ဖွဖွလေးလှမ်းနမ်းတယ်။

Even The Devil , Once An Angel(COMPLETED)Donde viven las historias. Descúbrelo ahora