အခန်း(၄)

4.6K 239 11
                                    

Unicode

"ကိုယ်လည်း မင်းကို သဘောကျတယ်"

"ဗျာ!"

ပြူးကြောင်သွားတဲ့ မျက်လုံးလေးရယ်၊ ရဲစွေးလာတဲ့ ပါးမို့်မို့လေးနဲ့ နားရွက်ဖျားလေးတွေ။ ပြောင်းလဲသွားတဲ့ ချမ်းဝေရဲ့ မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းဆီက နေဝန်းရဲ့ အကြည့်တွေအောက်မှာ အပူပေးခံလိုက်ရသလိုပဲ ရဲ‌တက်လာခဲ့သည်။

"ဟဟ!"

နေဝန်းက ခေါင်းငုံ့လိုက်ကာ မထိန်းနိုင်တော့ဘဲ ရယ်သံထွက်လာခဲ့ပြီး တော်တော်လေးလည်း ပျော်ရွှင်နေပုံရသည်။ စနောက်နေမှန်း သိသွားမှ ချမ်းဝေရဲ့ မျက်နှာလည်း ရှက်ရွံ့ရာကနေ စိတ်ဆိုးသွားပြီး တည်တည်လေးဖြစ်သွားတော့၏။

နေဝန်းက အလွန်အမင်းကို ပြုံးနေတဲ့ မျက်လုံးတွေနဲ့ ချမ်းဝေကို စိုက်ကြည့်လာပြီး..

"မင်းရဲ့ညီမက ကိုယ့်ဝန်ထမ်းလေ မင်းက ကိုယ့်ဝန်ထမ်းရဲ့အကို...အလုပ်ကြိုးစားတဲ့ ဝန်ထမ်းရဲ့ မိသားစုဝင်ကိုပါ ကိုယ်သဘောကျတာ ထူးဆန်းလို့လား?"

"မဟုတ်ပါဘူး"

ချမ်းဝေက နေဝန်းကိုကြည့်မလာတော့ဘဲ လှုပ်ခါနေတဲ့ ရေပြင်ကိုငေးကြည့်ရင်း ခပ်တိုးတိုးလေးဖြေလာတယ်။ နေဝန်းမှာတော့ ထိုအရူးလေးကိုကြည့်ရင်း စချင်နောက်ချင်စိတ်က ပိုပိုများလာတော့သည်။

"မဟုတ်မှလွဲရော ကိုယ်ကမင်းကိုကြိုက်တယ်လို့ ထင်သွားတာလား ဟမ်?"

"မ..မဟုတ်ပါဘူး ကျွန်တော်က ဘာလို့အဲ့လိုမျိုး ပေါက်ကရတွေတွေးရမှာလဲ"

အသည်းအသန်ငြင်းဆန်လာပြီး သူမဟုတ်ကြောင်း ရှင်းပြချင်နေတဲ့ နှုတ်ခမ်းလေးတွေက လှုပ်စိလှုပ်စိနှင့်။

"ကိုယ်ကတော့ တွေးတယ်"

မျက်လုံး‌လေးတွေ ထပ်ပြူးလာတယ်။ ခပ်သာသာလေး ဟသွားတဲ့ နှုတ်ခမ်းလေးနဲ့ ရဲတက်လာပြန်တဲ့ ပါးမို့လေးတွေ နားရွက်ဖျားလေး‌‌တွေ။ စက္ကူဖြူဖြူလေး တစ်ရွက်ကို ဆေးခြယ်ပေးနေရသလိုပဲ။ နီလာလိုက် ပန်းရောင်သန်းသွားလိုက်နဲ့ အဖြူထည်လေးက အဲ့လောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းမယ်မှန်း‌ နေဝန်းမထင်ခဲ့မိဘူး။ သူထပ်ပြီး စနောက်မိနေဦးမည်ထင်သည်။

Even The Devil , Once An Angel(COMPLETED)Where stories live. Discover now