အခန်း(၁၀)

3.1K 182 10
                                    

Unicode

ကျွမ်းဝင်လာတဲ့ ရင်ခုန်သံတွေအချို့သည် စိတ်ကိုသတ်နိုင်၏။

နန်းဝေနဲ့ စကားပြောရင်း ပြုံးနေသော ကောင်ကလေးကို ငေးကြည့်နေရင်း ဆေးလိပ်တွေ သောက်သုံးတာကို မရပ်တန့်နိုင်တော့ဘူး။ ဘာလို့ သူမနဲ့မှ ချမ်းဝေက ပတ်သတ်နေရတာလဲ။

လေဟာနယ်ထဲ လွင့်မြောနေတဲ့ စိတ်အစဉ်က ထိုကောင်လေးအား တွေးလိုက်မိတိုင်း ဘယ်ကမ်းကို ပြေးကပ်လို့ ကပ်ရမလဲမသိတော့ဘူး။

အပြစ်အနာအဆာတွေကိုမှ မြတ်နိုးရပြီး ချို့ယွင်းချက်တွေကိုမှ ဖာထေးပေးချင်တဲ့ စိတ်က ကိုယ်၌မလိုက်ဖက်စွာ တည်ရှိနေခြင်း။

နှုတ်ခမ်းပေါ်တင်ထားတဲ့ ကုန်ဆုံးသွားပြီဖြစ်တဲ့ ဆေးလိပ်ကိုဖြုတ်ချပြီး ‌အောက်ကိုပစ်ချလိုက်တယ်။ ဆေးရုံရဲ့ ခုနှစ်လွှာအမြင့်မှာ ရောက်နေတာ ဖြစ်တဲ့အတွက် လေတွေက တဖြူးဖြူးပဲ။

"ဆရာဝန်ဆီက နန်းဝေကို ဆေးစစ်ထားတဲ့ စာရွက်ရလာတယ်"

နေဝန်းက ဆေးလိပ်အသစ် တစ်လိပ်ကို ကိုက်ပြီး မီးခတ်နေရင်း

"ချမ်းဝေကို ရှင်းပြပြီး ပေးလိုက်လေ"

ဆေးလိပ်ကိုက်ထားလို့ အကိုကြီးရဲ့ စကားပြောသံက လုံးနေသည်။ ဘုန်းမာန်က ဟိုမောင်နှမ ကို တစ်ချက်လှည့်ကြည့်လိုက်၏။

"နန်းဝေက ဗိုက်ကြီးနေတယ်"

လေတိုက်နေသဖြင့် မီးညွှန့်ကထွက်မလာ။ နေဝန်းကိုက်ထားတဲ့ ဆေးလိပ်က အောက်ကိုပြုတ်ကျသွားပြီး ပါးစပ်ကသာသာလေး ဟလျက်။ သက်တောင့်သက်သာမရှိသော ခံစားချက်ကြီးသည် မွန်းကြပ်စွာရင်ထဲသို့ တိုးဝင်လာတော့၏။

"ဖျက်ချခိုင်းလိုက်ရမလား အကိုကြီး"

ဘုန်းမာန်က ဆေးလိပ်အသစ်တစ်လိပ်ကို နေဝန်းရဲ့နှုတ်ခမ်းတွေကြားထဲ ညှပ်ပေးလာပြီး လက်နဲ့အုပ်ကာမီးခြစ်ပေးသည်။

နေဝန်းက မီးစွဲသွားတဲ့ ဆေးလိပ်လေးကို တစ်ဖွာအရင်ဖွာလိုက်ပြီးနောက် လက်မှာညှပ်ကာ ဝရန်တာကို လက်ထောက်လိုက်၏။

လေအဟုန်ကြောင့် နေဝန်းရဲ့ ဆံပင်တွေက ဝဲလွင့်နေပြီး ‌ဆေးလိပ်အငွေ့တွေကလည်း ခပ်မြန်မြန်ထွက်လာနေသည်။

Even The Devil , Once An Angel(COMPLETED)Hikayelerin yaşadığı yer. Şimdi keşfedin