အခန်း(၁၉)

1.5K 82 9
                                    

Zawgyi

အကိုက ရန်ကုန်ကို ပြန်သွားတာ နှစ်ရက်မြောက်နေ့ဖြစ်ပြီး ချမ်းဝေကို အဆက်အသွယ်မလုပ်ပါပေ။ ပုံမှန်အတိုင်း ဖြတ်သန်းရတဲ့ နေ့ရက်တွေပဲဆိုပေမဲ့ အကိုမရှိတော့ သိသိသာသာကြီး လစ်ဟာနေတဲ့ ကိုယ့်စိတ်ကြောင့် ကိုယ်တိုင်တောင် တအံ့တဩဖြစ်ရတယ်။

လပိုင်းလေးအတွင်းမှာ အကိုက မသိစိတ်မှာရော သိစိတ်မှာရော ပိုင်စိုးပိုင်နင်းနဲ့ကို ဝင်ရောက်ချည်းနင်း နေရာယူခဲ့နှင့်ပြီးဖြစ်သည်။

နိုင်စိုးရဲ့ အသံခပ်တိုးတိုးက အနားနားကပ်လာတာကြောင့် အတွေးတွေထဲက မြန်မြန်ဆန်ဆန်ပဲ ရုန်းထလိုက်တယ်။ ဂန္ဓမာအဖြူရောင် ခပ်ကြီးကြီးတစ်ပွင့်ကို နားကြားညှပ်ရင်း နိုင်စိုးက ချမ်းဝေရဲ့ ဝှီးချဲအနောက်မှာ မတ်တပ်ရပ်နေ၏။

ချမ်းဝေက ဝှီးချဲကိုလှည့်လိုက်ကာ နိုင်စိုးနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး

"အနောက်မှာ ဘာလုပ်နေတာလဲ"

"ငါမင်းကိုပြောနေတာ မကြားဘူးလား ဘာတွေးနေတာလဲ"

"အမ်..ဘာပြောနေတာလဲ"

နိုင်စိုးက မျက်ခုံးတွေ သိသိသာသာကျုံ့သွားပြီး မကျေမချမ်းဟန်ဖြင့်

"တကယ် ငါပြောတာမကြား‌ဘူးပေါ့"

"ဟင့်အင်း"

ချမ်းဝေက ရိုးသားစွာ ခေါင်းလေးခါပြသည်။ နိုင်စိုးက ဘာမှထပ်မပြောတော့ဘဲ ထိုကောင်လေးကို ငုံ့ကြည့်ကာ မကျေနပ်ဟန်အရိပ်ယောင်တွေ ပျောက်ကွယ်သွား၏။

"ထားပါတော့ အရေးတော့မကြီးပါဘူး..ဒါနဲ့ မင်းနေ့တိုင်း သခင်အိမ်ပြန်လာမှာ မျှော်နေတဲ့ခွေးလေးလို လုပ်နေမှာလား"

"ကျွန်တော်.."

ချမ်းဝေက မျက်လုံးလေးပြူးလာပြီး ငြင်းဆန်ချင်တယ်။ သို့ပေမဲ့ သူ့စကားတွေ မဆုံးခင်မှာပဲ မျက်လုံးလေးတွေက အရောင်မှိန်ကျသွားပြီး ခပ်တိုးတိုးလေးသာ ဆက်ပြောလာ၏။

ိ"မမျှော်ပါဘူး..အဆက်အသွယ်မလုပ်တဲ့သူကို"

"ငါထင်တာတော့ ကိုကြီးက မင်းကိုပစ်သွားတာနေမယ် အလုပ်ရှုပ်လို့လေ ဒီခြံမှာထားခဲ့မှာ"

Even The Devil , Once An Angel(COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ