" ထယ်ရယ် ထမင်းစားလို့ရပြီ "
အခန်းထဲမှာ ပုံဆွဲနေရင်း ပစ္စည်းတွေတန်းသိမ်းပြီး
ထမင်းစားခန်းထဲကိုထွက်လာလိုက်တယ်
ဖေဖေ မေမေတို့လဲမရှိ ကိုကြီးလဲမရှိ
ဒီနေ့လဲ ထယ်ရယ် တစ်ယောက်တည်းစားရပြန်ပြီ" ဖေဖေ ... မေမေ ... ကို..ကိုကြီးတို့ရော ? "
" အလုပ်သွား ကျောင်းသွားကြပြီ "
" ဒီ.. ဒီနေ့လဲ ထယ်..ထယ်ရယ်
တစ်..တစ်ယောက်တည်းပဲ "" အာဂျူးမားရှိပါတယ် သားနဲ့အတူတူစားပေးမယ်နော် "
" ထမင်း.. ထမင်းအတူတူစားရတာ
ကြိုက်.. ကြိုက်တယ် "ထယ်ရယ့်အသက် 5နှစ်
5နှစ်သားလေးဆိုတာ မိဘတွေဆီက
သည်းသည်းလှုပ်အချစ်ခံရပြီး လိုချင်တာကိုပူဆာ
မိဘတွေရင်ခွင်ထဲနေရင်း ဆော့ကစားနေရမဲ့အရွယ်
ထယ်ရယ် မွေးတော့ အိမ်စီးပွားတွေအရမ်းတက်ပြီး
နဂိုချမ်းသာတာထက်ပိုချမ်းသာခဲ့ကြပေမဲ့
တစ်နှစ်အရွယ်လောက်မှာ ဉာဏ်ရည်ချို့တဲ့တဲ့
လက္ခဏာတွေပြလာတော့ မိဘတွေက
ထယ်ရယ့်ကို ဂရုမစိုက်ချင်ဖြစ်လာခဲ့တာ
ပိုမဆိုးအောင်တော့ဆရာဝန်တွေနဲ့ ကုပေးခဲ့ပေမဲ့
ယောက္ခမတွေအိမ်ပို့လိုက် အိမ်မှာ အိမ်အကူအန်တီနဲ့
ထားခဲ့လိုက်နဲ့ ထယ်ရယ်က မိဘမေတ္တာမရဘဲ
စိတ်အားငယ်စွာ ကြီးပြင်းလာရတဲ့ကလေးပေါ့ဒါပေမဲ့ မိဘတွေမသိတာက ထယ်ရယ် ဉာဏ်အရမ်းကောင်းတယ်ဆိုတာပဲ
ဘယ်အချိန်ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာကို
အတိအကျ အလွတ်မှတ်မိတဲ့ကလေး
အိမ်နံပါတ် လမ်းနာမည် ပစ္စည်းအခေါ်အဝေါ်တွေ
ဂဏန်းသင်္ချာတွေ 5နှစ်နဲ့မလိုက်အောင်ကိုမှတ်မိပြီး
ဉာဏ်အရမ်းထက်လွန်းတယ်
ထယ်ရယ်ချို့တဲ့ခဲ့တာက ခန္ဓာကိုယ်ဟော်မုန်းတွေ
မမှန်မကန်ဖြစ်နေတာကြောင့် စကားပြောတဲ့အခါ
အားယူပြောနေရတာလေးတစ်ခုတည်းပါမွေးကတည်းက ဂဂျီဂဂျောင်ကျတဲ့ကလေးမဟုတ်ဘဲ
ပြုံးပြုံးရယ်ရယ်နဲ့ မျက်နှာအရမ်းချိုတဲ့
ကလေး အပြင်ပန်းဒီတိုင်းကြည့်ရင်
လူကောင်းအတိုင်းပါပဲ
ဒါပေမဲ့ စိတ်လှုပ်ရှားတဲ့အချိန်ဆိုရင်တော့ သိသာပြီး
ခေါင်းလေးမခို့တရို့ငုံ့ လက်ခုံလေးကို
ကုတ်နေတတ်တယ်

YOU ARE READING
Heart Never Lies ( 마음은 거짓말을 않아 )
Fanfiction" ငါ ထယ်ရယ့်ကို ကာကွယ်ပေးမှာမလို့ ယုံပေးမလား ငါ့နောက်ကိုလိုက်ခဲ့ပေးမလား? " " ထယ်... ထယ်ရယ် ... ထယ်..ရယ် ဟိုး... တိမ်လေး... တိမ်လေးတွေကို သဘောကျ သလို...မျိုး ရစ်ခီ... ရစ်ခီ့ကို.. သဘောကျ..တယ် " Ricky x Taerae