Ep - 2

662 96 0
                                    

တစ်ပတ်ကျော်တဲ့အထိ ထယ်ရယ့်ကို ကိုကြီးက
လာမခေါ်ခဲ့ဘူး နောက်တစ်ခါထပ်ပြီး
စွန့်ပစ်ခံရပြီဆိုတဲ့အသိလေးက ထယ်ရယ့်ခေါင်းထဲ
စွဲစပြုလာပြီ အိမ်ကိုအရမ်းလွမ်းပေမဲ့
ထယ်ရယ် ဘာမှမလုပ်တတ်ဘူး ဖုန်းရှိပေမဲ့
ဖုန်းဆင်းကတ်ထုတ်ထားကြလို့ ဆက်မရပြန်ဘူး
ထယ်ရယ့်ကို ထမင်းကျွေး နေစရာပေးထားကြပေမဲ့
ဒီနေရာက ငရဲလိုပဲ
အန်တီကြီးကတော့ ထယ်ရယ့်ကို ညဆို
သူ့အကြောင်းတွေပြောပြတယ်
ထယ်ရယ် ပုံဆွဲရင် ဘေးကနေ ပုံလေးလှလိုက်တာ
ဆွဲတတ်လိုက်တာ ပုံလေးဆွဲပေးပါအုံး လို့လဲ
ပြောပေးတယ် ထယ်ရယ်အိပ်ပျော်နေတုန်းလဲ
အဝတ်တွေကိုခေါက်ထားပေးတတ်တယ်

ဟိုလူကြီးတွေပြောပြတာကတော့
ထယ်ရယ်အလုပ်လုပ်ရမယ်တဲ့
အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုက
စာတွေဖတ်ပြီး သူတို့ပေးတဲ့ ဖုန်းနံပါတ်တွေကို
မက်ဆေ့ပို့ပေးရမှာလို့ပြောတယ်

သူတို့ခိုင်းတဲ့အတိုင်းပဲလုပ်ခိုင်းတယ်
ထယ်ရယ်သိချင်တာတွေကိုလဲ မေးခွင့်မပေးဘူး

ထယ်ရယ့်အရွယ်လောက် တခြားကောင်လေး
4/5ယောက်လဲတွေ့တယ် သူတို့လဲထယ်ရယ့်လိုပဲ
အခန်းကျဉ်းလေးထဲနေရတာ
ဒါပေမဲ့ သူတို့မျက်နှာတွေမှာ ဒဏ်ရာတွေနဲ့
အရိုက်ခံထားရတဲ့ပုံပဲ
သူတို့ကိုမေးကြည့်တော့ နှိပ်စက်ပြီး အဲ့အလုပ်တွေ
ခိုင်းတယ်တဲ့
စာတွေဖတ်ကြည့်တော့ မိန်းကလေးတွေကို
ချဉ်းကပ်ရမှာဖြစ်ပြီး သူတို့ရဲ့ကိုယ်လုံးတီးပုံတွေ
ရလာအောင်တောင်းရမှာတဲ့လေ
ထယ်ရယ် ပူထူသွားပြီး ငိုချင်လာတယ်
စာအုပ်တစ်ခုထဲမှာ အဲ့တာက မကောင်းတဲ့အလုပ်
ဖြစ်ကြောင်း ထယ်ရယ်ဖတ်ဖူးတယ်
သူမလုပ်ချင်ဘူး ထွက်ပြေးချင်တယ် အဝေးကြီးကို

ထယ်ရယ်က ဉာဏ်ကောင်းတော့ စာတွေနံပါတ်တွေ
ပရိုဂရမ် ဝက်ဘ်ဆိုက်တွေရဲ့ အလုပ်လုပ်ပုံတွေကို
အလွတ်မှတ်နိုင်တယ် အဲ့တာကိုအခွင့်ကောင်းယူ
တခြားကလေးတွေရဲ့ အလုပ်လုပ်ပြီးရလာတဲ့
အချက်အလက်တွေပုံတွေကို ညစ်ညမ်းဝက်ဘ်ဆိုက်
တစ်ခုမှာ ရောင်းစားကြတယ်
ဟိုကောင်လေးတွေပြောပြတာတော့
ဒီနေရာဟာ ပြန်လမ်းမရှိတဲ့ငရဲပဲတဲ့
ဖမ်းဖို့လဲမလွယ်သလို ရရင်တောင်ခဏပဲဖမ်းရတာတဲ့
လူ့အသက်တွေကို ကြက်ကလေးငှက်ကလေး
တွေလို သတ်ပစ်လိုက်သလိုမြင်နေရတာ နေ့တိုင်းတဲ့ ...

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now