Ep - 8

671 105 4
                                    

ဒီနေ့ ရာသီဥတုသာယာတယ်
နေရောင်ခြည်နွေးနွေးလေးနဲ့
ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံးကလှနေတာ
ရစ်ခီ့ဘေးမှာ ရပ်နေတဲ့
မိုးပြာရောင်ကောင်လေးကြောင့်နေမယ်

မျက်မှန်လေးနဲ့လိုက်တယ်လို့ပြောဖူးလို့
ဒီနေ့ သူကမျက်မှန်လေးပါတပ်လာတယ်
ရစ်ခီလက်ဆောင်ပေးတဲ့ keychainလေးတပ်ထားတဲ့
ဘေးလွယ်အိတ်လေးကတော့ မပါမဖြစ်

" ထယ်ရယ် နေအရမ်းပူနေလား? "

" ရ.. ရတယ် မပူ ဘူး "

နှစ်ယောက်ယှဉ်ရင် ရစ်ခီက အရပ်ပိုရှည်တဲ့သူမို့
ယူလာခဲ့တဲ့ထီးဟာ ရစ်ခီ့ဆီမှာပဲယူထားရတယ်
ထယ်ရယ်က သူကိုင်ထားပေးမယ်ပြောပါတယ်
ရစ်ခီကိုက ဘာမှအကိုင်မခံ လေးမှာစိုးလို့တဲ့လေ

ဆိုင်က interior designပြင်နေလို့
ထယ်ရယ့်အလုပ်ပိတ်ရက်တွေက
ရစ်ခီနဲ့အတူတူရှိနေရတာ 3ရက်လောက်ရှိပြီ

ဟန်မြစ်နားသွားချင်တယ်ဆိုလို့
ထယ်ရယ်ကသူစားချင်တဲ့ ရေခဲမုန့်ဆိုင်လေး
တွေ့ထားတာတောင် သွားဖို့မပြောဘဲ
ရစ်ခီ့သဘောကျလိုက်လာပေးခဲ့တာ

" မင်းနဲ့ ဟန်မြစ်ဘေးမှာ ခေါက်ဆွဲပြုတ်တူတူ
စားချင်လို့" ဆိုတဲ့ စကားလေးတစ်ခွန်းတည်းနဲ့...

" ကင်မရာ ယူ..ယူလာ တယ်  ပုံရိုက်..ပေး မယ် "

" မင်းနဲ့တူတူရိုက်မယ်လေ "

" ရစ်ခီ့...ပုံ သိမ်းထား..ချင် လို့ "

ထယ်ရယ်မြင်လိုက်ရတာက သူ့လွယ်အိတ်ကို
ကိုင်ပေးထားပြီး သူ့ခပ်လှမ်းလှမ်းမှာရပ်နေတဲ့
ရစ်ခီ့ဆီက အပြုံးနုနုလေး
နေရောင်နုနုလေးနဲ့ ပတ်ဝန်းကျင်လှလှလေးနဲ့
လိုက်ဖက်လိုက်တာ

ရစ်ခီကပြုံးရင် လှရဲ့သားနဲ့ကို
သူ့လို ခဏခဏရယ်မပြဘူးပဲ

အမြန်မှတ်တမ်းတင်အပြီးမှာတော့
ရလာတဲ့ပုံလေးကို ရစ်ခီ့ကိုတောင်မပြချင်
ထယ်ရယ်သဘောကျလွန်းလို့
တစ်ယောက်တည်းကြည့်ပြီး သိမ်းထားချင်တာလေ

" ပြုံးတာ.. လှ..လှ တယ် "

" ငါ့ကိုလဲ ပြအုံးလေ ထယ်ရယ်ရဲ့ "

" လှ..လို့ သိမ်း.. သိမ်းထား မှာ "

" အဲ့တာဆို မသိမ်းခင်ငါ့ကိုခဏပဲပြ "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now