Merry Christmas with Love

401 61 17
                                    

အိမ်ထောင်ကျပြီး တစ်အိမ်တည်းနေကြတဲ့
ရစ်ခီနဲ့ထယ်ရယ်ပေမဲ့ တစ်ယောက်အချိန်ကို
တစ်ယောက်လိုက်မမှီနိုင်ကြသေးဘူး

ထယ်ရယ်က မနက်စောစောထ ထမင်းချက် ပြင်ဆင်
လုပ်စရာရှိတာတွေ တောက်လျှောက်လုပ်တယ်
ရစ်ခီကတော့ နေမြင့်မှထပြီး
ထယ်ရယ့်အချိန်ဇယားတွေကို
လိုက်မမှီနိုင်သေးတာပေါ့

ထယ်ရယ်က ရစ်ခီ့ကို ဘာမှမပြောရှာပါဘူး
သူ့အမျိုးသားက အလုပ်တစ်ဖက်နဲ့
တစ်ခါတစ်လေ ရုံးမှာအချိန်ပိုဆင်းရရင်ဖြစ်ဖြစ်
ရှုပ်ထွေးတဲ့အမှုတွေကိုင်ရရင်ဖြစ်ဖြစ်
အိမ်ကိုနောက်ကျမှပြန်လာရပြီး အိပ်ရေးပျက်တော့
ကျန်တဲ့ ကိစ္စတွေ ထယ်ရယ်ပဲ ဒိုင်ခံလုပ်ပေးနေတာ

ရုံးပိတ်ရက်တွေကတော့ ရစ်ခီ့အကြိုက်ဆုံးပေါ့
အဲ့နေ့တွေဆို ထယ်ရယ့်ကိုလဲ ပြခန်းမသွားခိုင်းဘဲ
အိမ်မှာပဲ နားခိုင်းတယ်

ဒီတစ်ပတ်ကတော့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်အပြင်
ခရစ္စမတ်နေ့ကပါ တနင်္လာနေ့နဲ့ဆက်သွားတော့
ရစ်ခီ အပျော်ကြီးပျော်နေတာပေါ့

ဒီနေ့ စနေနေ့ အိမ်မှာပဲ နှစ်ယောက်သား
အချိန်ကုန်နေကြလေရဲ့

" ထယ်ရယ် ... ကို့အနားလာပါအုံး မုန့် နောက်မှလုပ် "

ထယ်ရယ်က ပိတ်ရက်တိုင်းကို ရစ်ခီစားချင်တဲ့
မုန့်လေးတွေ တစ်ခုမဟုတ်တစ်ခု
လုပ်ပေးတတ်တာလေ

" မုန့် နောက်..နောက်မှ စား..မှာလား "

" အင်း ခု ကို့အနား အရင်လာ "

apronလေးကို ချွတ် နေရာတကျထားပြီးတော့
ဧည့်ခန်းဆိုဖာပေါ်မှာထိုင်နေတဲ့ ရစ်ခီ့ဆီ ပြေးလာလေရဲ့

" ဖြေးဖြေးလာပါ လှုပ်စိလှုပ်စိလေးနဲ့
ဘာကောင်လေးမှန်းကိုမသိဘူး "

ရစ်ခီက ဖက်ဖို့အတွက် လက်နှစ်ဖက်ကို အဆင်သင့်
ဆန့်ထားတော့ လူကောင်သေးသေး ထယ်ရယ်လေးက
ရစ်ခီ့ပခုံးကျယ်ကျယ်တွေကြားထဲ အလိုက်သင့်ပဲ
ရင်ခွင်ထဲမြုပ်နေအောင် ဖက်ထားလို့ရတယ်ဆိုတာ
ဒါမျိုးကိုပြောတာပေါ့ ...

" ရာသီဥတုအေးနေတော့ ဖက်ထားချင်တာလေ "

" ဒါ..ဆို နွေ..နွေရာသီ..ကျ ပူရင် မ..မဖက် ဘူးပေါ့ "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now