Ep - 17

630 103 3
                                    

ဒီနေ့ ခါတိုင်းနေ့တွေထက်ပိုပြီး စိတ်လေးနေသလို
ဒွိဟခံစားချက်တွေကလဲ ရစ်ခီ့စိတ်ထဲ
ဟိုဟိုဒီဒီဝင်ရောက်လာခဲ့တယ်

ရှေ့နေအဖြစ်နဲ့ တရားဝင်ပါဝင်ရတဲ့ ပထမဆုံးအမှု
သူ့ချစ်သူအတွက် ရင်ဆိုင်ပေးရတဲ့အမှု
ပိုပြီးတော့ခက်ခဲစေတာက တရားခံနဲ့နစ်နာသူဟာ
သွေးသားညီအကိုအရင်းဖြစ်နေတယ်ဆိုတဲ့အချက်

ထယ်ရယ့်အပေါ်မကောင်းခဲ့တာဆိုပေမဲ့
သွေးသားရင်း ညီအကိုဖြစ်နေတော့
ထယ်ရယ် စိတ်ထဲမကောင်းများဖြစ်သွားနိုင်မလား

ပူပန်မှုတွေပိုက်ရင်း တရားခွင်ထဲ ခြေလှမ်းစလှမ်း
လိုက်ကတည်းက ရစ်ခီထမ်းရမဲ့တာဝန်တွေအတွက်
တာဝန်ယူစိတ်အပြည့်ကို စိတ်ထဲထည့်ထားခဲ့တယ်

" တရားပြိုင်ဘက် ရှေ့နေများ နေရာယူပါ "

ခဏအကြာမှာတော့ ထယ်ရယ်နဲ့ထယ်ဂျွန်းတို့မိဘတွေ
မိသားစုဝင်တချို့ဝင်လာကြတယ်
သူတို့ရင်ထဲ ဘယ်လိုခံစားနေရမလဲတော့မသိပေမဲ့
ပုံစံမြင်ရတာတော့ ထယ်ရယ့်အပေါ်သိပ်ပြီး
အားနာနေပုံမပေါ်

လိုအပ်တဲ့ စာရွက်စာတမ်းသက်သေတွေကို
ပြန်စီထားလိုက်ရင်း တရားသူကြီးရောက်လာဖို့ကို
စောင့်နေခဲ့ကြတယ်

" ရစ်ခီ! တရားခံကိုမေးဖို့အတွက်ကို ငါထွက်မယ်
အဲ့အစား မင်းက နစ်နာသူကို မေးခွန်းမေးဖို့
ထွက်ပေးနိုင်မလား "

" ထယ်ရယ်က တရားခွင်လာဖို့လက်ခံတယ်တဲ့လား "

" အင်း လက်ခံထားတယ် "

" ထယ်ရယ်သာ အဆင်ပြေမယ်ဆို ကျွန်တော်လဲ
မေးဖို့အဆင်သင့်ပါပဲ ရှေ့နေဟန် "

" ဟုတ်ပြီ ပထမပွဲစဉ်တည်းက အသာစီးယူကြတာပေါ့ "

သိပ်မကြာခင်မှာ တရားသူကြီးရောက်လာခဲ့တယ်

" အားလုံးနေရာယူကြပါ
မကြာခင် တရားခွင်ကို စတင်ပါတော့မယ် "

တရားသူကြီးစကားဆုံးတာနဲ့
တရားခံ 3ဦးစလုံးကို ရုံးထုတ်လာခဲ့တယ်

ထယ်ဂျွန်းပုံစံက ဘယ်သူမြင်မြင်
ပုံမှန်လူတစ်ယောက်မဟုတ်မှန်း
သိပ်ကိုသိသာနေတယ်
အကြည့်တွေကလဲ ရန်လိုနေတဲ့ သားရဲတစ်ကောင်လို
ပြင်းထန်နေခဲ့တယ်

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now