We made it, We got married

435 61 12
                                    

အိမ်ခန်းနံရံက ပြက္ခဒိန်မှာ
ဒီနေ့ စက်တင်ဘာ16ရက်နေ့ကို
ထယ်ရယ် တိမ်ပုံလေးဆွဲပြီး မှတ်ထားတယ်

စက်တင်ဘာ 16
ထယ်ရယ့်ဘဝမှာ ဖြစ်တောင်ဖြစ်လာပါ့မလားလို့
တွေးတောင်မကြည့်ဘူးခဲ့တဲ့ ကိစ္စတစ်ခု
အကောင်အထည်ပေါ်တော့မဲ့ ရက်ကလေးပေါ့

ကင်မ်ထယ်ရယ် နဲ့ ရှန်ချွမ်ရွေ့ တို့ရဲ့
မင်္ဂလာပွဲ ရက်မြတ်လေး
ကောင်းကင်ကြီးနဲ့ တိမ်တွေကို ရှင်းရှင်းလင်းလင်း
မြင်ရတဲ့ နေရာတစ်ခုမှာ မင်္ဂလာပွဲကိုလုပ်ချင်တယ်လို့
ထယ်ရယ့်ပူဆာမှုအရရော
အထိမ်းအမှတ်အနေနဲ့ ဂေဟာမှာ အလှူတစ်ခုပါ
တွဲလုပ်ချင်တာရောကြောင့်နဲ့
မင်္ဂလာပွဲလေးဟာ "구름 (တိမ်ငယ်လေး)
ရင်ခွင်မဲ့ကလေးများ နားခိုရာဂေဟာ"လေးမှာ
ကျင်းပဖို့ ဖန်လာခဲ့ပြန်တယ်

ဂေဟာဝန်းက အကျယ်ကြီးကိုမှ မြက်ခင်းပြင်တွေလဲ
စိမ်းစိုစွာရှိနေတဲ့နေရာ ထယ်ရယ်ပူဆာတဲ့
တိမ်တွေ သေချာကိုမှမြင်ရတဲ့နေရာလေးပေါ့

မင်္ဂလာပွဲနေ့မှာ မျက်နှာလေးလှနေအောင်လို့
အိပ်ရေးဝဝအိပ်ရမယ်လို့ ဝူဟျွန်းကပြောတာနဲ့
စိတ်လှုပ်ရှားနေပေမဲ့ ထယ်ရယ် မနေ့ညက
အစောကြီးအိပ်ခဲ့ပါတယ်
မနက်ကျတော့လဲ အစောကြီးနိုးနေခဲ့တယ်

နေ့လည်ခင်းမှစမဲ့ မင်္ဂလာပွဲပေမဲ့
မနက်အစောကြီးတည်းက အုံးဂီက ပစ္စည်းအစုံအလင်နဲ့
ထယ်ရယ်တို့ဆီ ရောက်လာလေရဲ့

" အောမော ငါ့ရဲ့ ထယ်ရယ်လေးတောင်
သတို့သားလေးဖြစ် အိမ်ထောင်သည်လေး
ဖြစ်တော့မှာပါလား ပြောရင်းတောင်ဝမ်းနည်းလာပြီ "

အုံးဂီက ထယ်ရယ့်ကို လိုအပ်တာလေးနည်းနည်း
ပြင်ဆင်ပေးနေရင်း ငိုမဲ့မဲ့အသံလေးနဲ့ပြောတယ်

" မင်္ဂ.. လာ ဆောင်တာ ဝမ်း..ဝမ်းမနည်း ရ..ဘူး "

" ဝမ်းနည်းတယ်ဆိုတာက
ငိုချင်ပြီးဝမ်းနည်းတာမဟုတ်ဘူးလေ
ငါ့ရဲ့ငယ်ငယ်လေးတည်းက
အချစ်ဆုံးသူငယ်ချင်းလေးအတွက်
အပျော်မျက်ရည်တွေနဲ့ ...
အဲ့လိုမျိုးပါ ထယ်ရယ် ရဲ့ "

" နားလည်..ပြီ ... ဒါနဲ့ လှလှ.. လှလှလေး ပြင်..ပေး "

" အမလေး ချာအုံးဂီပါ ဒီနေ့ပွဲမှာ ငါ့ထယ်ရယ်လေး
အလှဆုံး အနူးညံ့ဆုံးလေးဖြစ်နေအောင်
ပြင်ဆင်ပေးမယ် စိတ်ချ "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now