Ep - 20 ( final )

794 117 24
                                    

အချိန်တွေတစ်နာရီပြီးတစ်နာရီ
နေ့တွေတစ်ရက်ပြီးတစ်ရက်
ရွေ့လျားပြောင်းလဲနေတယ်
ပတ်ဝန်းကျင် ရာသီဥတုတွေကလဲ
သူ့အလုပ်သူလုပ်ပြီး လှတစ်လှည့် ဆွေးတစ်လှည့်
အမျိုးမျိုးဖြစ်ပေါ်လာနေတယ်

ငြီးငွေ့စရာလူနေမှုဘဝတွေထဲ နေ့တိုင်းနေ့တိုင်းကို
ပျော်ရွှင်စွာဖြတ်သန်းနေတဲ့သူကတော့
အပြောင်းအလဲမရှိ ထယ်ရယ်ပါပဲ

ထယ်ရယ် တစ်ခုပြောင်းလဲသွားတာတော့ရှိတယ်
ကော်ဖီအကြောင်းကို ပိုလေ့လာနေပြီး
ဟန်ဘင်းဟျောင်းရဲ့ ဆိုင်နာမည်အောက်ကနေပဲ
ထယ်ရယ်ဦးစီးတဲ့ cafeဆိုင်ခွဲတစ်ခုကို
ဖွင့်နိုင်ဖို့ပြင်ဆင်နေတာ

အဲ့ဒီအကြောင်းကို ရစ်ခီ့ကိုပြောပြတော့
ဒီလိုမျိုးလုပ်နိုင်တဲ့အရွယ်ထိ
ဘာလို့မြန်မြန်ကြီးလာရတာလဲတဲ့
သူက အမြဲတမ်းကလေးလေးလိုပဲမြင်လာတော့
စိတ်ထဲ နေသားမကျဘူးတဲ့လေ

လုပ်ချင်တာတွေလုပ်နိုင်ဖို့ လေ့လာရင်း
အချိန်တွေလဲအကုန်မြန်ပြီး
ဒီလိုနဲ့ပဲ အသက်ကြီးလာတာကို တဖြည်းဖြည်း
ခံစားမိလာတာနေပါလိမ့်မယ်

~

ဒီနေ့ဆိုင်မသွားခင် မနက်ပိုင်းလေး
ဝူဟျွန်းနဲ့ အုံးဂီကိုခေါ်ပြီး ထယ်ရယ်တို့
shoppingထွက်ကြတယ်
မနက်ဖြန်ဆို ရစ်ခီ့မွေးနေ့ရောက်ပြီဆိုတော့
မွေးနေ့ကိတ်ကို ထယ်ရယ်ကိုယ်တိုင်လုပ်ပေးချင်လို့
လိုအပ်တဲ့ပစ္စည်းလေးတွေ သွားဝယ်ကြပြီလေ

ရစ်ခီ့ဖို့မွေးနေ့လက်ဆောင်တွေ
အများကြီးပြင်ဆင်ထားတာကို တွေးတွေးပြီး
ထယ်ရယ်ခုတည်းက ပျော်နေတယ်

" စတော်..ဘယ်ရီ အများ..ကြီး ဝယ်..ဝယ်မယ် "

" အမလေး ဝယ်ပါ ဝယ်ပါ ကင်မ်ထယ်ရယ်တို့
တစ်နှစ်နေမှ တစ်ခါတောင်မဖွင့်လို့ ဘဏ်စာအုပ်ကြီးလဲ
မှိုတက်နေအုံးမယ် ခုလိုလေး ဖွင့်မှပေါ့ "

" ငါလဲ အံ့ဩနေတာ သုံးနှစ်လောက်ရှိတော့မှာကို
ငါအမှတ်မမှားရင် ဂေဟာအလှူပြီးကတည်းက
ခုမှပြန်ထုတ်သုံးတာလားလို့ "

" ဟုတ်.. ဟုတ်တယ် "

" ဩချလောက်ပါတယ် ကင်မ်ထယ်ရယ်
ကောင်လေးကိုတင်တောင်းမလို့လား
အဲ့လောက် ကုတ်ခြစ်စုနေတာ "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now