Ep - 18

684 97 9
                                    

" ထယ်ရယ် လမ်းလျှောက်ကြည့်ရအောင်
15မိနစ် လျှောက်ရမယ်နော် "

ဆေးရုံကဆင်းပြီး အိမ်မှာပဲ ပြန်လည်သန်စွမ်းရေး
လေ့ကျင့်ခန်းတချို့လုပ်ရတယ်
ခြေထောက်အာရုံကြောထိခိုက်သွားတာကြောင့်
လမ်းလျှောက်ရင် ထော့နင်းနင်းဖြစ်နေတာမို့
အကျင့်ဖြစ်သွားမှာစိုးလို့ ရစ်ခီရော ဝူဟျွန်းကပါ
လမ်းလျှောက်ဖို့ တိုက်တွန်းရတယ်

" ထယ်ရယ် ရစ်ခီနဲ့ လမ်းထိပ်မုန့်ဆိုင်သွားမလား "

" အင်း.. မုန့်..မုန့်ဝယ် စား..မယ် "

ထယ်ရယ်တို့ရပ်ကွက်လမ်းကြားထဲမှာဆို
လူကိုရှင်းနေလို့ လမ်းလျှောက်လို့သိပ်ကောင်းပဲ
ထယ်ရယ်က အမြန်ကြီးမလျှောက်နိုင်သေးလို့
ရစ်ခီကပါ ဖြေးဖြေးချင်းပဲလိုက်လျှောက်ပေးတယ်

" လက်..လက်ကိုင် ချင်တာ.. ရစ်ခီ "

ရစ်ခီက လက်ကိုဖြန့်ပေးတော့ ရစ်ခီ့လက်ချောင်း
ဖြူဖြူသွယ်သွယ်လေးတွေကြားထဲ
ထယ်ရယ်ရဲ့လက်လှလှလေးကပါ
သွယ်ယှက်ဝင်ရောက်လာခဲ့တယ်

" ထယ်ရယ့်လက်ကလေးက နွေးနေတာပဲ
ငါ့ရဲ့ နေရောင်ခြည်လေး.. ဘာအဓိပ္ပာယ်လဲ သိလား "

" ရှင်း..ရှင်းပြ..ပါ "

" ထယ်ရယ်က ငါ့ကိုနွေးထွေးပေးလို့
မနက်ခင်းစောစောမှာ နေရောင်ခြည်နုနုလေးတွေလေ
လှတယ် နွေးထွေးတယ် ပြီးတော့ ငါ့ကိုပျော်စေတယ်
ထယ်ရယ် ပြုံးနေရင် ရစ်ခီလဲပျော်ရတာ "

" ဒါ..ဒါဆို ထယ်ရယ်..က sun..sunshine
ရစ်ခီ.. ရစ်ခီက sun..shine prote.. protecter "

" အမယ် ထယ်ရယ်က ဒါလဲသိတယ်လား "

" sns မှာ..တွေ့..တွေ့တယ် "

" ဟုတ်ပါပြီ ရစ်ခီ့ရဲ့ sunshine လေးပေါ့
ခုလိုပြုံးသလိုမျိုး လူတိုင်းကိုပြုံးမပြနဲ့နော်
ငါသဝန်တိုတယ် "

" ဟွန်! ဝူ..ဝူဟျွန်း ဟာအို..ဟျောင်း ဟန်..ဟန်ဘင်း
ယောင်းဂျီ နူး..နာ တို့ကို..ရော "

" ummm... သူတို့ကိုတော့ နည်းနည်းလေး
ပြုံးပြလို့ ရတယ် "

" သူ..သူတို့နဲ့ သဝန် မတို..မတိုပါ..နဲ့
ထယ်ရယ် ချစ်..ချစ်တာ သူတို့..မဟုတ်..မဟုတ်ဘူး
ရစ်ခီ့..ကို ချစ်တာ... "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now