Pre Engagement Days

482 72 24
                                    

တစ်နှစ်ကြာအပြီး ထယ်ရယ့်အသက်28ပြည့်တော့
ရစ်ခီက ထယ်ရယ့်ကို လက်ထပ်ခွင့်တောင်းခဲ့တယ်
ထယ်ရယ် သဘောကျတဲ့တိမ်တွေကို
ရှင်းရှင်းလင်းလင်းမြင်ရတဲ့
တောင်တန်းတွေနဲ့စိမ်းစိုပြီး လှတယ်ဆိုတာထက်ပိုလှတဲ့
ဆွစ်ဇာလန်မှာပေါ့ ...
ခရစ်စမတ်ပိတ်ရက်မှာ ခရီးသွားကြရင်း
ပိုင်ဆိုင်ရဖို့ဒီထက်ပိုပြီးမစောင့်နိုင်တော့တဲ့ရစ်ခီဟာ
ဒုတိယတစ်ခါ ဖွင့်ပြောခဲ့တယ်
ဒီတစ်ခါတော့ 20ကျော်လူငယ်လေးတွေမဟုတ်ဘဲ
လူကြီးတွေအဖြစ်နဲ့နှစ်ယောက်အတူတူဘဝတစ်ခုကို
တည်ဆောက်ကြတော့မဲ့ ရစ်ခီနဲ့ထယ်ရယ်ပါ

အရင်ကထက် ခံစားချက်တွေကို ပိုနားလည်လာပြီး
အရာရာကိုခံစားတတ်လာတဲ့ ထယ်ရယ်က
ဒုတိယတစ်ခါ ရစ်ခီ့ရဲ့ဖွင့်ပြောခြင်းကိုလဲ
အသာအကြည်ပဲလက်ခံခဲ့တယ်
ထယ်ရယ် သေချာနားလည်တယ်တဲ့လေ

ရစ်ခီက ထယ်ရယ့်လက်သူကြွယ်လေးမှာ
လက်စွပ်လေးစွပ်ပေးပြီးတဲ့နေ့တည်းက
ကိုရီးယားပြန်ရောက်တဲ့ထိ ကြွားလို့မပြီးဘူး
ထယ်ရယ်ကြွားစရာဆိုတာလဲ ဘယ်သူရှိမှာတုန်း
ဝူဟျွန်းရယ် ဟာအိုဟျောင်းနဲ့ ယောင်းဂျီနူးနာရယ်
ဟန်ဘင်းဟျောင်းရယ် အုံးဂီနဲ့ ဆရာဂျေးရယ်
ဒါပဲရှိတဲ့ဟာ
လက်ဆယ်ချောင်းတောင်မပြည့်တဲ့
ထယ်ရယ့် အသိမိတ်ဆွေကပဲ မိသားစုဖြစ်ပြီးတော့
ဒီမိသားစုလေးနဲ့ပဲ ခုဆို အချိန်အကြာကြီးထိ
အတူတူရှိနိုင်ကြတော့မယ်

ရစ်ခီတို့ဘက်ကလဲ အသာတကြည်ပဲ ခွင့်ပြုခဲ့ပြီး
လိုအပ်တဲ့ဟာတွေလုပ်ဖို့ကို အစစအရာရာ
လိုက်ပြီးစီစဉ်ပေးခဲ့တယ်
အစစအရာရာက အကုန်ချောချောမွေ့မွေ့နဲ့
ထယ်ရယ် သိပ်ပျော်တာပဲ...

ဒီနေ့ကတော့ ထယ်ရယ့်ဆန္ဒအရ ဂေဟာက
ကလေးတွေဆီသွားချင်တယ်ဆိုလို့ ရစ်ခီလိုက်ပို့ရတယ်
သွားတဲ့လမ်းမှာလည်း စိတ်လှုပ်ရှားပြီး
အလှဆုံးကိုပြုံးနေတော့တာပဲ

" အဲ့လောက်တောင်ပျော်နေလား ထယ်ရယ် "

" ပျော်..တယ် ရစ်ခီ.. လိုက် လိုက်ပို့..လို့ "

" ဘယ်သွားသွား ငါပဲလိုက်ပို့ပေးမှာလေ
အဲ့လိုဆို ဘယ်သွားသွား ပျော်နေမှာပေါ့ ? "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now