Ep - 7

648 105 5
                                    

3လလောက်အတွင်းမှာ ရစ်ခီနဲ့ထယ်ရယ်တို့
hangoutလုပ်ဖြစ်ကြတာ 6ခါလောက်တော့ရှိပြီ
3/4ခါလောက်က ရစ်ခီ့ရဲ့ စိတ်ကြိုက်ဆိုင်တွေမှာ
မုန့်သွားစားကြတာပေမဲ့ 2ခါလောက်ကတော့
ထယ်ရယ်က ကစားကွင်းမှာ မီးပန်းကြည့်ချင်တယ်ဆိုလို့ လိုက်ပို့ရသေးတယ်

အသက် 22နှစ်နဲ့ 24အရွယ် ကောင်လေး2ယောက်က
ကစားကွင်းလာတဲ့ပုံစံက အများအမြင်မှာ
ထူးဆန်းနေနိုင်ပေမဲ့ ရစ်ခီဖြစ်စေချင်တာကတော့
ထယ်ရယ်ပြုံးနေဖို့ပဲလေ

ဟန်ဘင်းဆီ counselling sectionအတွက်
သွားရတဲ့တစ်ခေါက်ဆီတိုင်းမှာလည်း
တိုးတက်မှုတွေချည်းကြားရတယ်
ခံစားချက်တွေကို ပိုသိလာတယ်
စကားအသုံးအနှုန်းတွေ ပိုကြွယ်ဝလာတယ်
အကောင်းဆုံးတစ်ချက်ကတော့
တစ်ခုခုကိုဖော်ပြဖို့ ပြောဆိုတဲ့အခါမှာ
အရင်ကလောက် စကားတွေမထစ်တော့တာပဲ

" ထယ်ရယ် ဟန်ဘင်းပေးတဲ့အပင်လေး
ရေလောင်းဖြစ်လား အပင်လေးရော
ဘယ်လောက်ကြီးလာပြီလဲ "

" အဖူး..သေးသေးလေး..တွေ 4ခု ထွက်...လာပြီ "

" စိတ်ညစ်ရင် အပင်လေးဆီစကားပြောသေးလား "

" နိုး ရစ်ခီ..နဲ့ အလုပ်..ပြန်ရင် မုန့်..သွားစား တယ် "

" အဲ့လိုသွားရင် ထယ်ရယ် ဘယ်လိုခံစားရလဲ
ပြောပြပါလား "

" 3ခု .. ဖြစ်တယ်
ပျော်တာ..ရယ် စိတ်..မရှုပ်တော့..တာရယ်
ပြီး..ပြီးတော့ "

" ပြီးတော့ ?! "

" ခဏ..ခဏ တွေ့..တွေ့ချင်တာ..ရယ် "

ထယ်ရယ့်စိတ်အခြေအနေ အများကြီးတိုးတက်လာတာ
မြင်ရတာကို ဝမ်းအသာဆုံးသူကတော့
ဝူဟျွန်းပါပဲ ခက်ခဲပင်ပန်းခဲ့တာတွေကို အတူတူ
ဖြတ်ကျော်ခဲ့ရတော့ ပိုပြီးနားလည်နိုင်တယ်လေ
ဝူဟျွန်းစိုးရိမ်တာ တစ်ခုတည်းပါပဲ

တစ်ချိန် ထယ်ရယ့်အိမ်က သူ့ကိုပြန်ခေါ်သွားမှာ...

မိဘက သားသမီးကို အိမ်ပြန်ခေါ်တယ်ဆိုတာ
လောကရဲ့ဖြစ်သင့်တဲ့အရာပေမဲ့
ထယ်ရယ့်အတွက်ကတော့ မတူဘူးလေ
အကိုအရင်းဖြစ်သူကိုယ်တိုင်က လုပ်ရက်ခဲ့တာတွေကို ထယ်ရယ်ဘယ်လိုလုပ်မေ့မှာလဲ

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now