ကင်မ်ထယ်ရယ်​၏ ပိစိလေး သဝန်တိုခန်း

654 97 6
                                    

ဒီနေ့ ရစ်ခီ အမှုအကြောင်းစုံစမ်းဖို့ အလုပ်ကိစ္စနဲ့
နေရာတစ်နေရာသွားရမှာ
ရုတ်တရက် ခိုင်းလာတဲ့အလုပ်ပေမဲ့ တန်းသွားလို့မရ
ဂွန်းဝုက အပြင်ခဏဆိုပြီး ကားငှားသွားလို့
မိနစ်၂၀လောက်စောင့်လိုက်ရသေးတယ်

ဒီတစ်ခါအမှုက လူသတ်မှု/လူသေမှုမလို့
ရစ်ခီရောဂွန်းဝုရော ရှေ့နေဟန်တို့ရော
အစစအရာရာသတိထားနေရတယ်

သေဆုံးသူ/နစ်နာသူဘက်က အမှုလိုက်ပေးတဲ့
ရှေ့နေတွေလဲဖြစ် တစ်ဖက်က ကျူးလွန်သူကလဲ
ကွင်းဆက်လူသတ်သမားနီးပါး
ကျွမ်းကျင်သူဖြစ်နေတော့
အသက်ကို ဖက်နဲ့ထုပ်သိမ်းထားရတော့တယ်

အဲ့အကြောင်းထယ်ရယ့်ကိုပြောပြသေးတယ်
ပြောလဲပြပြီးရော နောက်နေ့အလုပ်မသွားရဘူးဆိုပြီး
ဂျီတိုက်နေလို့ အလုပ်မသွားရင်ပိုက်ဆံမရှာနိုင်တော့ဘူး
ထယ်ရယ် ရှာကျွေးမှာလားမေးတော့
သူ့ရဲ့ မှိုတက်တော့မဲ့ ဘဏ်စာအုပ်ကြီးထုတ်ပြလာလေရဲ့
ရှန်ချွမ်ရွေ့တို့ရည်းစားလေးက
အဲ့လိုချစ်စရာကောင်းတာ

နှစ်နာရီခြားတစ်ခါလောက် ထယ်ရယ်ကဖုန်းဆက်တယ်
ရစ်ခီ့ကိုလဲပြောရှာပါတယ် မငြိုငြင်ပါနဲ့တဲ့
အချိန် ငါးမိနစ်လေးအတွင်းမှာတောင်
အန္တရာယ်ဖြစ်နိုင်တာကို သူကိုယ်တိုင်ကြုံဖူးလို့
ရစ်ခီ့ကိုစိတ်ပူလို့ပါတဲ့လေ

ရစ်ခီနားလည်ပါတယ်
ထယ်ဂျွန်းနဲ့အမှုတုန်းက ခဏလေးအတွင်းမှာ
ဖြစ်ပျက်သွားခဲ့တာလေ
ထယ်ရယ်က ခုချိန်ထိမှတ်မိနေပြီး သူနာကျင်သလို
ရစ်ခီနာရမှာစိုးလို့ စိုးရိမ်တကြီး တဖွဖွမှာနေရှာတာ

~

" ဟယ်လို ထယ်ရယ် ငါ ရုံးပြန်ရောက်ပြီ
စိတ်ပူနေမှာစိုးလို့ 2နာရီမပြည့်သေးပေမဲ့
ငါအရင်ဆက်လိုက်တာ "

" ရစ်ခီ..က လိမ္မာ..လိမ္မာတယ် "

" ဆက်ပြောပါအုံး
အငယ်က အကြီးစကားနားထောင်တယ်ဆိုပြီး "

" ပြော..ပြောတော့..ဘူး  တခြား..ဟာ ပြော..ပြောမယ် "

" ကဲ ဘာတုန်းပြော "

" ချစ်.. တယ် ရစ်..ရစ်ခီ့..ကို "

ခုနောက်ပိုင်း ထယ်ရယ်က သူ့ခံစားချက်တွေကို
ပီပီပြင်ပြင်ထုတ်ပြလာတယ် ချစ်တယ်ဆိုတာကိုလဲ
အရင်ကထက် ပိုပြီးပြောလာတယ်

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now