ဘဲပေါက်လေး ငိုမဲ့မဲ့ဖြင့် ဆံပင်ညှပ်ခန်း

710 94 9
                                    


စနေနေ့ ရုံးပိတ်ရက်မလို့ မနက်တည်းက
ရစ်ခီတစ်ယောက် ထယ်ရယ်တို့အိမ်ရောက်နေတာ
ထယ်ရယ်ကတော့ ဆိုင်မှာ နေ့တစ်ဝက်ထိ
သွားနေတာမလို့ ဝူဟျွန်းနဲ့ ရစ်ခီက
ထယ်ရယ်ပြန်လာရင် နေ့လည်စာ တန်းစားလို့ရအောင်
ပြင်ဆင်နေကြတယ်

တကယ်တမ်း ထယ်ရယ်ကပဲ မနက် သူ
အလုပ်မသွားခင် ပြင်ဆင်ချထားပေးခဲ့တာပါ
ရစ်ခီနဲ့ ဝူဟျွန်းက ဟင်းအိုးထဲထည့်မွှေရုံပေါ့

" ဝူဟျွန်းဟျောင်းက နေ့တိုင်း
ထယ်ရယ်ချက်ကျွေးတာကို စားရတာပေါ့နော် "

" အေးပေါ့ ငါလဲ မင်းတို့လိုပဲ
ထမင်းချိုင့်ယူရတယ်လေ ဟဟ "

" အမ် ထယ်ရယ်က အဲ့တာဆို ဘယ်ချိန်တည်းက
ထမင်းဘူးတွေထထပြင်တာလဲ ဟျောင်း
ဒီ သုံးယောက်စာလောက်ကို "

" ညဆို တီဗီခဏကြည့်ပြီးရင် မနက်ကျချက်ဖို့
ပစ္စည်းတွေတစ်ခါတည်းပြင်ထားတာလေ
5ခွဲလောက်ဆို သူနိုးပြီ အဲ့ကတည်းက ပြင်ဆင်
ချက်ပြုတ်နဲ့... သူ့လှုပ်ရှားမှုတွေက သိတဲ့အတိုင်း
နည်းနည်းနှေးတော့ စောစောထလုပ်ရတာ "

" နေ့တိုင်း အဲ့လိုပေါ့ "

" ဟုတ်တယ် ရုံးပိတ်ရက်ကလွဲလို့
ဒါတောင် ရစ်ခီတို့ ငါတို့ရုံးပိတ်ရက်မှာ
သူက အလုပ်သွားသေးတာလေ
မနက်အစောကြီး မထတာပဲရှိတာ "

" တစ်ခါတစ်လေ ကျွန်တော်
သူ့လိုပဲဖြစ်လိုက်ချင်တော့တာ အတွေးလေးတွေက
အရမ်းရိုးရှင်းတယ်လေ
အလုပ်ဆိုလဲ သူပျော်ရာလေးတွေ လုပ်နေရတာ "

" သူ့ကမ္ဘာလေးက အရမ်းအေးချမ်းမလား
ငါ သူ့ကိုစစတွေ့တုန်းက ပင်ပန်းပြီး
သေချင်စိတ်ပေါက်နေတဲ့အချိန်တွေလေ
ဒါပေမဲ့ သူ့ကိုမြင်တော့ ခြောက်ကပ်နေတဲ့သဲကန္တာရထဲ
နှင်းဆီဖြူလေး တစ်ပွင့် အေးအေးချမ်းချမ်းလေး
ပွင့်လာသလိုပဲ "

" အဲ့တုန်းက ဟျောင်းတို့ တကယ်ပင်ပန်းခဲ့ရမှာပဲ "

" တကယ့် ငရဲပေါ့ကွာ ...
ထယ်ရယ်ရော ငါရော ခုထိ လက်တွေ
ကျောကုန်းတွေမှာ အဲ့က ရလာတဲ့
အမာရွတ်တွေရှိတုန်းပဲ "

" ကျွန်တော်လဲ အဲ့တုန်းက အကြောင်းကို
ထယ်ရယ့်ရှေ့မှာ ပြောမထွက်ရဲဘူး
သူ့အတွက် တကယ့်စိတ်ဒဏ်ရာဖြစ်နေခဲ့တော့လေ "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now