Ep - 16

636 118 6
                                    

မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် မြင်လိုက်ရတာက
အိုဟောင်းနေတဲ့ နံရံ မျက်နှာကျက်တွေရှိနေတဲ့
နေရာတစ်ခု ဖုန်နံ့ခပ်စူးစူးနဲ့ ခေါင်းကိုက်စရာအနံ့လဲ
ရတယ် ထလိုက်မယ်အလုပ်မှာ ဖင်ထိုင်လျက်သား
ပြန်လဲကျသွားခဲ့တယ် ထယ်ရယ်ပြီးတော့မှ
သတိထားမိလိုက်တာတစ်ခုက သူ့လက်တွေကို
အုန်းဆံကြိုးကြမ်းကြမ်းတွေနဲ့
ချည်ထားကြတယ်ဆိုတာပဲ
လှုပ်လေ ရုန်းလေ ပိုနာလေ
အနီးအနားဝေ့ကြည့်တော့ လူနှစ်ယောက်ကိုတွေ့ပေမဲ့
အဲ့လူတွေဘယ်သူတွေလဲ ထယ်ရယ်မသိဘူး

ငိုချင်လာတဲ့အချိန် မျက်လုံးတွေစုံမှိတ်ပြီး
ထပ်မှေးနေခဲ့လိုက်တယ် ထယ်ရယ်တွေးလိုက်တာက
ဒါက အိပ်မက်တစ်ခုဖြစ်ပြီး နောက်ခဏကြာ
မျက်လုံးပြန်ဖွင့်လိုက်ရင် အိပ်ယာနိုးလာမယ်လို့...

ထယ်ရယ့်ဆုတောင်းတွေမပြည့်ပြန်ပါဘူး
ဒါအိပ်မက်မဟုတ်ခဲ့ဘူး
တီးတိုးအသံတွေကြားရာကို ခေါင်းလေးငဲ့ကြည့်တော့
သူ့ကိုကိုကြီးကိုတွေ့တယ်
ထယ်ဂျွန်းက သူ့ကိုလွှတ်ပေးမှာပဲလို့ထင်ခဲ့ပေမဲ့
ထယ်ဂျွန်းခြေလှမ်းတွေ တစ်လှမ်းစီနီးလာတဲ့အခါမှာ
သူ့ရဲ့ ဒေါသထွက်နေတဲ့ မျက်လုံးတွေကို
မြင်လိုက်ရတယ်

" ကင်မ်ထယ်ရယ် ငါမင်းကိုငြိမ်ငြိမ်နေလို့
ပြောထားခဲ့တာကို တော်တော်ခြေရှည်နေတယ်ပေါ့
ဟုတ်လား "

" ကိုကို..ကြီး ထယ်..ထယ်ရယ့်ကို နာ..နာအောင်
မ..မလုပ်..ပါနဲ့ "

" ဟ မင်းကအဲ့စကားထွက်လာသေးတယ်
ငါမင်းကိုပြောတယ်လေ မင်းဘာသာငြိမ်နေရင်
ငါက ဘာလုပ်မှာမလို့လဲ
ခုတော့ မင်းထိုက်နဲ့မင်းကံပဲ "

" ထယ်..ထယ်ရယ် နာ..နာလို့..ပါ
ဘယ်သူ့..ဘယ်သူ့ကို..မှ မ..ပြော ပါဘူး "

" မင်းပါးစပ်ပိတ်လိုက်တော့ ငြိမ်ငြိမ်နေ
ငါမင်းကိုဘာမှမလုပ်သေးဘူး
ငါစိတ်ပါတဲ့အချိန်ကျမှ အေး..အဲ့တော့မှ
မင်းကို တခုချင်း !!  ဟား ဟား ဟား ဟား "

ထယ်ရယ် မထိန်းထားနိုင်တော့တဲ့အခါ
ငိုချမိလိုက်တယ်
သူငိုလို့ ထယ်ဂျွန်းက ရိုက်တာဘာညာမရှိပေမဲ့
ထယ်ရယ့်ကိုကြည့်ပြီး လှောင်ရယ်နေခဲ့တယ်
ထယ်ရယ်ငိုလေ သူကပိုရယ်လေပဲ

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now