Ep - 5

671 97 5
                                    

တစ်ပတ်နေတော့ ထယ်ရယ်အလုပ်ပြန်လာခဲ့တယ်
ဒဏ်ရာကလဲ သက်သာသွားပြီမလို့
အလုပ်လဲပြန်လုပ်ချင်ပြီ
ပြီးတော့နောက်အကြောင်းပြချက် တစ်ခုက

ဆံပင်ရွှေရောင်လေးနဲ့ ဆိုင်ကိုစာလာလုပ်တဲ့
ကျောင်းသားလေးကိုတွေ့ချင်တာ ...

" ထယ်ရယ် သက်သာသွားပြီလား
ဒီနေ့ ငါ့ကို စတော်ဘယ်ရီမစ်ရှိတ်ဖျော်တိုက်လေ "

" နိုး ... စာ..လုပ်ရင် ဖျော်..ဖျော်ပေး ဖို့ "

" အမ် !! ဪ ဘာလဲ ထယ်ရယ်က ဖျော်တိုက်ချင်တဲ့သူ သပ်သပ်ရှိတယ်ပေါ့ "

" စောင့်.. စောင့်နေ..တာ "

" အေးပါ စောင့် စောင့် လာလိမ့်မယ် "

ကော်ဖီorderရှိရင် သွားဖျော်ပေးလိုက်တယ်
ပြီးရင်တော့ ထယ်ရယ်က အရှေ့ကောင်တာကနေ
မျှော်နေတဲ့သူမလာမချင်း တဖဝါးမှမခွာဘူး

သိပ်မကြာခင်မှာ ရစ်ခီရောက်လာတယ်
ကောင်တာမှာ ထယ်ရယ့်ကိုပြုံးပြုံးပျော်ပျော်ရှိနေတာကို မြင်တော့မှ သူ့စိတ်တွေ တစ်ထစ်ချနိုင်တယ်

" ခါ.. တိုင်းလိုပဲ.. စတော်.. ဘယ်ရီ မစ်..မစ်ရှိတ်လား
ထော..ထောပတ် ကိတ်..နဲ့ "

" အဲ့လိုပဲပေးပါ "

မော်နီတာမှာ မှတ်ထားတဲ့အဆင့်အတိုင်း
တစ်ခုချင်းနှိပ်နေတဲ့ သူ့ကိုကြည့်ရင်း ရစ်ခီပြုံးစိစိ
ဖြစ်လာတယ် ကိုယ့်ကိုကိုယ်သတိထားမိလိုက်တဲ့အချိန် မျက်နှာပြန်တည်လိုက်ပြီးတွေးလိုက်တာက

မျက်နှာချိုတဲ့ ကောင်လေးမလို့ နေမှာပါတဲ့ ...

" လာ.. လာပို့ ပေး..မယ် "

ခေါင်းငြိမ့်ပြလိုက်ပြီး ထိုင်နေကျနေရာမှာပဲ
စောင့်နေလိုက်တယ် ရစ်ခီ့ကိုရှောင်နေမှာ
ကြောက်နေမှာကို စိုးရိမ်နေခဲ့တာ ပြီးတော့...
စကားတောင်သေချာမပြောဖူးပေမဲ့
အဲ့ဒီဖြူဖြူအုအု ကောင်လေးသေးသေးလေးက
ရစ်ခီ့စိတ်ထဲ ရောက်ရောက်လာတတ်တယ်...

ရစ်ခီကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိနေတုန်း
တံမြက်စည်းလှဲသလိုလိုနဲ့ အနားကို
ယောင်းဂျီနူးနာ ရောက်လာပြီး

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now