Maybe the cutest date of them

344 64 16
                                    

မနက်စောစောထယ်ရယ်နိုးနေတော့ ရစ်ခီ့ဆီ
ဖုန်းဆက်တယ် ဒီနေ့လျှောက်လည်ချင်တယ်တဲ့လေ
ရစ်ခီလဲ အလုပ်ပိတ်ရက်ဆိုတော့
ထယ်ရယ်သွားချင်တဲ့အတိုင်း လိုက်ပို့ပေးမယ်ပြောပြီး
ပြင်ဆင်ပြီး ထယ်ရယ်တို့အိမ်ကို ထွက်လာလိုက်တယ်

အိမ်ရောက်တော့ ထယ်ရယ်က မုန့်တွေပြင်ဆင်နေတာကို
တွေ့တာနဲ့ အနှောင့်အယှက်မပေးဘဲ ငြိမ်ငြိမ်လေး
ထိုင်စောင့်နေလိုက်တယ်
မုန့်တွေလုပ်နေရင်းလဲ ပါးစပ်က ပွစိပွစိနဲ့
ဘာတွေပြောနေလဲတော့ ရစ်ခီသေချာမကြားရပေမဲ့
တိုးတိုးလေး သူပြောနေတာ

" ထမင်း..လိပ် တူ..တူနာ များ များ "

" ရစ်ခီ ကြိုက်..ကြိုက်တဲ့ စတော်..ဘယ်ရီလဲ
အများ..အများကြီး "

" အာလူး..အာလူးချောင်း..ရော ကြော်... "

" ဖက်... ဖက်ထုပ် ဆယ်..ခု "

ရစ်ခီ နောက်ကနေ ထိုင်ကြည့်နေရင်းပဲ
အသည်းတွေယားပြီးပြေးဖက်ချင်လာတယ်
မကြာခင်ရက်အတွင်းကို ဒီကောင်လေးက
သူ့အိမ်သူလေးဖြစ်လာတော့မှာတဲ့လေ

" ပြင်ဆင်ပြီးပြီလား ထယ်ရယ်
သွားဖို့နောက်ကျနေတော့မယ် "

" ပြီး ..ပြီးပါပြီ ရစ်ခီ... ဟို !! "

" ကဲ ပြော ... "

" ဒီကို..လာ လာ..သယ် "

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့
ရစ်ခီ့ကိုလှမ်းခေါ်တော့ အသည်းယားလွန်းလို့ မနေနိုင်ဘဲ
အမိန့်အတိုင်း နာခံရတော့တယ်

" ထယ်ရယ့်ကိုပါ သယ်သွားချင်တာကွာ "

" ဟွန်!! လမ်း..လမ်းလျှောက်.. တတ်တယ် "

" ညောင်းမှာစိုးလို့ ချီသွားချင်တာ ချစ်လို့ "

" လျှောက်..ပြော မနေ..မနေနဲ့ သွား..သွားမယ် "

နှုတ်ခမ်းလေးထော်ပြီး အရှေ့ကနေထွက်သွားတော့
သူလုပ်ထားသမျှ ထမင်းဘူးလေးတွေ
ရစ်ခီပဲယူလာခဲ့ရတော့တယ်

" ဘယ်သွားချင်တာလဲ ကိုယ်ဘယ်လိုက်ပို့ပေးရမလဲ "

" က..ကစားကွင်း "

တုံ့ဆိုင်းမှုမရှိဘဲဖြေလာတဲ့ ထယ်ရယ့်အဖြေမှာ
ခိုးရယ်မိတဲ့ ရစ်ခီပေမဲ့ မျက်စိလျှင်တဲ့သူ့ရည်းစားလေး
မိသွားတော့ ဘဲနှုတ်ခမ်းလေးနဲ့
အဝေးကလှမ်းထိုးခံရသေး

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now