Ep - 3

672 99 0
                                    

ဝူဟျွန်းရဲ့အိမ်မှာ ထယ်ရယ်ပဲကျန်နေခဲ့တယ်
ကျန်တဲ့သူတွေအကုန် မိဘတွေဆီဆက်သွယ်ပြီး
အိမ်ကိုအသီးသီးပြန်သွားကြပေမဲ့
ထယ်ရယ်ကတော့ အဲ့အကြောင်းနဲ့ပတ်သတ်ပြီး
တစ်ခွန်းမှ ဟမလာ

သူများအိမ်မှာ နေနေတာဆိုပေမဲ့ နေချင်သလို
နေတာမျိုးတော့မဟုတ် မနက်ဆို ဝူဟျွန်းမနိုးခင်
ထပြီး မနက်စာချက်ပေးတယ် အိမ်သန့်ရှင်းရေး
လုပ်ပေးတယ် တစ်ခါတစ်လေကျတော့
လှန်းထားတဲ့အဝတ်တွေရုတ် မီးပူတိုက်ပေးတယ်
ဝူဟျွန်းကလဲ အလုပ်ပြန်ရှာနေဆဲကာလမလို့
အပြင်မထွက်ဖြစ်ပေမဲ့ အိမ်မှာပဲ laptopတစ်လုံးနဲ့
အလုပ်ရှုပ်နေတတ်တယ်

ထယ်ရယ်ကလဲ လုပ်စရာရှိတာတွေလုပ်ပြီးရင်
သူ့ဘာသာ အခန်းထဲမှာပုံဆွဲရင်ဆွဲနေ
မဟုတ်ရင် ငြိမ်ငြိမ်လေးလှဲပဲနေတာ
အနေတအားအေးပြီး ဝူဟျွန်းကိုလဲ လိုက်ရှုပ်မနေတာမို့ ဝူဟျွန်းက ဘာမှမပြောဘဲ အဖော်ရလို့
ခေါ်ထားပြီးနေနေကြတာ

" ဝူ.. ဝူဟျွန်း ငါ ည ညစာပြင်..ထားပြီ "

" အေး အေး လာပြီ "

ထမင်းစားပွဲမှာ သိပ်ထူးထူးခြားခြားတော့မပါပါဘူး
ကြက်ဥလိပ်ရယ် ကင်ချီဟင်းရည်ရယ်
ဝက်အူချောင်းလေးတွေကို မုန်ညင်းနဲ့ကြော်ထား
တာလေးရယ် ဒါပါပဲ

" အမယ် မင်းချက်ထားတာတွေလား ခါတိုင်း
ငါ့ကို ကြက်ဥပဲကြော်ကျွေးနေပြီးတော့ "

" ဝူ.. ဝူဟျွန်း ကို ကျေး..ကျေးဇူးတင်..လို့ "

" ဟင် ! "

" ထမင်း... ထမင်း သေ..ချာ စားရမယ်... "

" စားမယ် စားမယ်
ဒါနဲ့ ဟင်းစားတွေ ဘယ်ကဝယ်ထားတာလဲ "

" ထယ်ရယ့် မုန့်...မုန့်ဖိုးနဲ့ ဈေး... ဆိုင်
သွားဝယ်...ခဲ့တာ "

" အိမ်ပြန်တော့မလို့လား ? "

နဂိုနေရာကိုပြန်သွားရတော့မှာမလို့
နောက်ဆုံးဟင်းတစ်ခွက်ချက်ကျွေးတာလို့
ထင်လိုက်ပေမဲ့ မဟုတ်ဘူးထင်ပါတယ်
ထယ်ရယ်ထမင်းစားနေတာကိုရပ်လိုက်ပြီး
ဝူဟျွန်းကိုလှမ်းကြည့်လာတယ်
ဘာစကားမှတော့မပြောပေမဲ့ ထယ်ရယ့်မျက်လုံးထဲ
ဝမ်းနည်းတဲ့အရိပ်အယောင်လေးသမ်းနေတာကို
ဝူဟျွန်းသတိထားမိလိုက်ပါရဲ့

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now