Ep - 14 (A short trip to a village)

705 105 7
                                    

ခရီးလို့မဆိုနိုင်တဲ့ ခရီးသွားရမဲ့ရက်မှာ
အတက်ကြွဆုံးကတော့ ထယ်ရယ်ပါပဲ
လွန်ခဲ့တဲ့ နှစ်လောက်ကထိ ခရီးသွားရမယ်ဆိုတာကို
စိတ်ဒဏ်ရာအနေနဲ့ပဲရှိခဲ့ပေမဲ့
ဟန်ဘင်းက တောင်တန်းတွေဘက်ကို ခေါ်သွားခဲ့ပြီး
ကိုယ်သဘောကျတဲ့သူတွေနဲ့ခရီးထွက်ရတာဟာ
ပျော်စရာကောင်းတာဖြစ်ကြောင်း
ရှင်းပြပေးပြီးကတည်းက ခရီးသွားရဖို့ဆို
ထယ်ရယ် စိတ်လှုပ်ရှားပြီးပျော်နေတတ်တယ်

သူ့ရဲ့မရှိမဖြစ် Intax Polaroid cameraနဲ့
ဘေးလွယ်အိတ်လေးရယ် ရစ်ခီ သူ့ကို
လက်ဆောင်ဝယ်ပေးထားတဲ့ headphoneလေးရယ်
သူ့အကြိုက် outfit 3/4စုံလောက်ပါတဲ့
luggage အသေးလေးရယ်
ပြီးတော့ ဝူဟျွန်းဝယ်ပေးထားတဲ့ ဦးထုပ်လေးရယ်

ကျန်တာကတော့ လမ်းမှာစားဖို့ ရပ်ကွက်ထဲက
အန်တီကြီးမုန့်ဆိုင်မှာဝယ်ထားတဲ့ ဟိုဟိုဒီဒီမုန့်လေးတွေ
ရစ်ခီက စတော်ဘယ်ရီကြိုက်လို့ စတော်ဘယ်ရီ
အရသာ မုန့်အမျိုးအစုံပလုံပေါ့

" လမ်းမှာဂရုစိုက် ထယ်ရယ်
ရစ်ခီလဲပါတယ်ဆိုပေမဲ့ ဂရုစိုက်ရမယ် သိလား "

" စိတ်..စိတ်ချ ရစ်ခီ့..ကိုရော ထယ်..ထယ်ရယ်ရော
သတိ..သတိထား..မှာ "

" ဖုန်းကိုလဲ အနားမှာပဲထား
တစ်ခုခုဆို အမြန်ဆက်သွယ်ရမှာနော် "

" နား..နားလည် ပြီ
ဝူ..ဝူဟျွန်းက မေမေ..မေမေတွေနဲ့ တူ တူတယ်
တစ်ခု..တစ်ခုချင်း ဂရု..ဂရုစိုက် ပေး..တယ် "

" ငါ့စိတ်လေးကို နားလည်တယ် ခံစားမိတယ်ဆိုရင်ပဲ
ရပါပြီ ထယ်ရယ်က နေကောင်းအောင်ပဲနေပေး
အဲ့တာမှ ငါ့ကို ဟင်းတွေအများကြီးချက်ကျွေးနိုင်မှာ "

" အကြာ..ကြီး ချက်..ချက်ကျွေး မှာ "

သွေးမတော်သားမစပ်တဲ့နှစ်ယောက်ပေမဲ့
ညီအကိုအရင်းထက် မိသားစုထက် အများကြီး
နွေးထွေးကြတယ်
နေ့တိုင်းကို ပျော်တလှည့် ခက်ခဲတလှည့်
အချင်းချင်းဖေးမရင်း ရှိခဲ့ကြတာလေ
အရင်ကဆို ထယ်ရယ်အချစ်ဆုံးလူတွေက
ဘယ်သူတွေလဲမေးရင် မိဘအိမ်က အာဂျူးမားရယ်
ဖွားဖွားရယ် ကိုကိုကြီးရယ် အုံးဂီရယ်လို့ဖြေခဲ့တာ
ကိုကိုကြီးက သူ့အပေါ်ဆိုးပေမဲ့ ငယ်ငယ်ကတော့
ကျောင်းကနေ မုန့်တစ်ခုခုလောက်ယူလာပေးပြီး
အိမ်စာတွေ ကူးခိုင်းတယ်လေ
ထယ်ရယ်က ထုတ်မပြောပေမဲ့
ထယ်ဂျွန်းကို အများကြီးခင်တွယ်ခဲ့တာ
ဒါပေမဲ့ ထယ်ဂျွန်းကတော့ ...

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now