Ep - 10 ( Confession )

709 116 6
                                    

" ပုံ...ဆွဲလို့ ပြီး..ပြီးပြီ "

" ငါပြောလို့ရပြီလား ထယ်ရယ် "

" နားထောင်... နား ထောင်နေ..ပြီ "

တင်ပျဉ်ခွေထိုင်နေတဲ့ ထယ်ရယ့်ကို ရစ်ခီက
သူ့နဲ့မျက်နှာချင်းဆိုင် လှည့်စေလိုက်ပြီး
ထယ်ရယ့်မျက်လုံးတွေကို စိုက်ကြည့်လာခဲ့တယ်
ဒီမျက်ဝန်းတွေထဲမှာ စကြဝဠာကြီးတစ်ခုလုံး
ရှိနေသလိုမျိုး လှလိုက်တဲ့ မျက်ဝန်းလေးတွေ...

" ငါပြောတာကို သေချာနားထောင်ပေးနော် ထယ်ရယ် "

သူ့ရှေ့မှာ ထိုင်နေတဲ့မိုးပြာရောင်ကောင်လေးက
ခေါင်းငြိမ့်ပြတော့ ပြင်ဆင်လာခဲ့တဲ့စကားလုံးတွေကို
သူနားထောင်နိုင်ဖို့ အစပြုလိုက်တယ်

" ထယ်ရယ် ငါမင်းနဲ့စတွေ့တုန်းက သိပ်ပြီးမကောင်းတဲ့အမှတ်တရနဲ့ အားနာစရာတွေဖြစ်ခဲ့ရပေမဲ့
မင်းနဲ့တွေ့ခွင့်ရလို့ ငါအရမ်းဝမ်းသာခဲ့တာ

အရင်က ငါကလေ မင်းသိရင် ငါ့ကိုမုန်းလောက်တယ်
တကယ်ကို မာနကြီးပြီး ကိုယ်အဆင်ပြေဖို့ပဲ
ကိုယ်ကြည့်လာခဲ့တဲ့လူမျိုး

ဒါပေမဲ့ ထယ်ရယ် မင်းနဲ့တွေ့ပြီးတော့လေ
ငါပြောင်းလဲလာခဲ့တာ
အရင်က ကိုယ့်ဘာသာအခန်းထဲမှာ
ဂိမ်းထိုင်ဆော့နေရင် ပျော်တဲ့ငါက
ခုကျ မင်းနဲ့ရှိနေရရင် ပျော်လာတယ်
ကိုယ့်ဘာသာတောင် အချိန်တွေမလောက်တဲ့ငါက
မင်းအတွက်ဆိုအချိန်တွေ အများကြီးရှိနေတယ်

အကြီးမားဆုံးပြောင်းလဲတာကတော့
အရင်ကဆို ဘယ်မိန်းကလေး ဘယ်သူ့ကိုမှ
ရင်မခုန်တတ်တဲ့ငါက မင်းရှေ့​ရောက်ရင်
ပြာယာခတ်ပြီး ရင်တွေခုန်လာတယ်
မသေချာမှာစိုးလို့ ငါ့ကိုယ်ကိုယ်ပြန်မေးပြန်တော့လဲ
အဖြေတွေအကုန်လုံးက မင်းဆီပဲဦးတည်နေတာ

ငါပျော်ရတာ ထယ်ရယ့်ကြောင့်
ငါရင်ခုန်ရတာ ထယ်ရယ့်ကြောင့်
ငါ့ရဲ့နေ့တိုင်းက အသက်ရှင်ချင်စရာကောင်းလာတာလဲ
ထယ်ရယ့်ကြောင့်ပဲ "

စကားအရှည်ကြီးကို ထယ်ရယ်နားလည်အောင်
ဖြေးဖြေးချင်းအချိန်ယူပြီး ပြောပြနေတဲ့ရစ်ခီက
ကျောင်းစာ စာပိုဒ်တိုတိုလေးကို
အမြန်ဖတ်ရတာကိုတောင်
စိတ်မရှည်တတ်ခဲ့တဲ့သူပေါ့

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now