Ep - 11

621 108 4
                                    

" Hey ချွမ်ရွေ့ နောက်2ရက်နေရင် ပါပါးကုမ္ပဏီနဲ့
ဖက်စပ်လုပ်ငန်းတစ်ခုက သူဌေးနဲ့
dinnerသွားစားဖို့ရှိမယ် သူဌေးရဲ့သားလဲလိုက်လာမှာ
အဲ့တာ ချွမ်ရွေ့လဲ လိုက်ခဲ့ရမယ်
ပါပါးကို စိတ်မပျက်စေနဲ့နော် "

" အင်းပါ သားလိုက်ခဲ့ပါ့မယ် "

ညစာစားပွဲတို့ ကုမ္ပဏီကိစ္စတို့ဆိုတာ
ရစ်ခီစိတ်မဝင်စားဆုံးအလုပ်တွေ
ဒါပေမဲ့လည်း ပါပါးရဲ့တစ်ချက်လွှတ်အမိန့်ကိုတော့
သူ မလွန်ဆန်နိုင်

ရစ်ခီစိတ်ဝင်စားတာတစ်ခုကတော့
သူ့ရည်းစားသေးသေးလေး အနားမှာကပ်ပြီး
ကောင်လေးဆွဲသမျှပန်းချီတွေကိုကြည့်နေရတာပါပဲ

ရစ်ခီ့အခန်းထဲမှာ ထယ်ရယ်ဆွဲပေးတဲ့ပန်းချီကား
သေးသေးလေးတွေလဲ တစ်စတစ်စနဲ့
နံရံတခြမ်းပြည့်တော့မယ်
ထယ်ရယ်က စိတ်ပျော်နေရင်
အပြာရောင်များများသုံးပြီး ပုံဆွဲတယ်
ဝမ်းနည်းနေရင် ခဲနုရောင်မှိုင်းမှိုင်းလေးတွေသုံးတယ်
ရင်ခုန်နေတယ်ဆိုရင်တော့ ပန်းရောင်နုနုလေးနဲ့
အဝါရောင်လေးသုံးပြီး ပုံလေးတွေဆွဲပေးတယ်
ရစ်ခီလဲ ခုဆို ထယ်ရယ့်ကြောင့် ပန်းချီဆွဲရတာကို
အတော်စိတ်ဝင်စားလာနေပြီ

~

Dinnerသွားဖို့အတွက် ခြေဆုံးခေါင်းဆုံး
မာမားကပဲဆင်ပေးတယ်
ROLEMODEL Co.ltd CEO Mr.Shenရဲ့သားအနေနဲ့
ဒီလိုမျိုး စီးပွားရေးကိစ္စမှာ ပထမဆုံးလိုက်ဖူးတာမို့
တက္ကသိုလ်ကျောင်းသားအရွယ်ရစ်ခီက
သိပ်မဝတ်မစားတတ်ဖြစ်နေတာပေါ့

" ချွမ်ရွေ့လေး ရှေ့နေဖြစ်လာရင်
suitတွေချည်းဝတ်ရတော့မှာ
ခုတည်းက မာမား ဝတ်ပေးတာတွေကိုမှတ်ထားတော့ "

" ကျွန်တော်ကြည့်ရတာ အဆင်တော့ပြေပါတယ်နော် "

" မာမားမျက်လုံးထဲ ချွမ်ရွေ့လေးက အခန့်ညားဆုံးပဲ "

ပါပါးတို့ချိန်းထားတဲ့ dinnerက ည8နာရီလောက်
အဲ့မတိုင်ခင် ရည်းစားလေးဆီ ဖုန်းဆက်ရသေးတယ်

" ထယ်ရယ် ငါဒီနေ့ ပါပါးနဲ့ dinnerတစ်ခုလိုက်သွားရမှာ ညပြန်တာနောက်ကျလောက်မယ် ဟင့် "

" ညစာ သေချာ ... စား..စားခဲ့
ဖေဖေ့..စကား နားထောင် ရ..ရမယ် "

" ငါပြန်တာနောက်ကျနိုင်တာမလို့
ညကျ ဖုန်းမပြောဘဲ အိပ်ရမှာနော် နေနိုင်လို့လား "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now