Ep - 15

647 104 12
                                    

ခရီးကပြန်ရောက်ပြီး 2လကျော်လောက်ထိ
ထယ်ရယ်တစ်ယောက် အပြင်သွားဖို့ စိတ်မပါဘူး
ဖြစ်နေတယ် ချော့ခေါ်လဲမလိုက် ချွဲခေါ်လဲမလိုက်နဲ့
ရည်းစားခမျာ မနေနိုင်လို့မေးကြည့်တော့မှ
သူ့အသားတွေနေလောင်သွားလို့တဲ့ဗျား

မနက်ဆို ဝူဟျွန်းဖို့ မနက်စာချက်ပေးခဲ့ပြီးတာနဲ့
ပြင်ဆင်ပြီး ဆိုင်ကို တန်းသွားပြီ
နေ့လည်ပိုင်းခဏ ရစ်ခီက ဆိုင်ကိုထမင်းချိုင့်လာပို့တဲ့
အချိန်လောက်ပဲ ခဏတွေ့ကြတယ်
တကယ်တော့ ရစ်ခီလဲမအားတာကြောင့်ပါ
internဆင်းဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းကိစ္စ
တွေကြောင့်နဲ့ ထယ်ရယ့်ကိုနေ့လည်စာလာပို့ဖို့ကို
အချိန်မနည်းဖယ်ထားရတယ်

ထယ်ရယ်က လာမပို့လဲရတယ်လို့ပြောပါသေးတယ်
ရစ်ခီကိုက မတွေ့ရမနေနိုင်
သူ့ရည်းစားပုစိလေးကို သဲကဲနေတာလေ

ယောင်းဂျီနူးနာကိုပါ ထူးထူးဆန်းဆန်းမေးလာတာက
အတွဲတွေမှာ ငယ်တဲ့သူက
အဲ့လိုပဲ တဇွတ်ထိုး ဆိုးတတ်တာလားတဲ့
ထယ်ရယ်တောင် ဒါမျိုးတွေမေးတတ်လာတဲ့အထိ
အချိန်တွေကုန်တာ မြန်လာပြီ

~

" ဟယ်လို ဟန်ဘာဒါရှေ့နေအမှုဆောင်ကုမ္ပဏီက
ရှေ့နေ ရစ်ခီပါ

ဟုတ်ကဲ့ အမှုတွဲဆိုင်ရာ စာရွက်စာတမ်းတချို့
ရုံးကိုပို့ပေးထားပါနော်

စာမူရင်းတွေရော ဓာတ်ပုံတွေပါ လိုပါတယ်ခဗျာ

ကျွန်တော်တို့ 8နာရီအတွင်း ပြန်ဆက်သွယ်ပေးပါတယ်

ဟုတ်ကဲ့ပါ ဒါဆို လာပို့ရင်လက်ခံထားလိုက်ပါမယ် "

internဆင်းတာ 4လလောက်ပဲရှိသေးပေမဲ့
အလုပ်တွေက တောင်လိုပုံနေရော
ဂွန်းဝုရော ရစ်ခီရော ရုံးချိန်းတွေ တရားခွင်တွေ
လိုက်နေရပြီး တစ်ဖက်က အမှုသည်ရဲ့လိုအပ်တဲ့
စာရွက်စာတမ်းအပြည့်အစုံကိုလဲ
စိစစ်ပြင်ဆင်ပေးရတယ်
အစပိုင်းမလို့ပဲ အထက်လူကြီးတွေက
သိမ်းကြုံးခိုင်းနေတာလားမသိ
နှစ်ယောက်သား ယားလို့ကုတ်ချိန်တောင်မရကြ

အဲ့လိုအချိန်တွေထဲ ရစ်ခီ့ရဲ့ တစ်ခုတည်းသော
ပျော်ရွှင်မှုလေးကတော့ သူ့ချစ်သူလေးလာပို့တဲ့
နေ့လည်စာဘူးလေးပါပဲ

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now