Ep - 12

609 91 11
                                    

" ဪ ထယ်ရယ် မျက်နှာမကောင်းပါလား
ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

သန့်စင်ခန်းကပြန်လာတဲ့ ထယ်ရယ်က
မျက်နှာပေါ်မှာ ဝမ်းနည်းမှုအပြည့်နဲ့
မြင်လိုက်ရသူတိုင်းကို စိုးရိမ်သွားစေတယ်

" ထယ်ရယ် ရင်ပြည့်သွားလို့လား
ဟန်ဘင်းကိုပြော တစ်ခုခုဖြစ်လို့လား "

" အ..များကြီး စား... စားမိလို့...နေ နေမယ်
ရင်ထဲ... မ.. မကောင်း.. ဘူး "

တကယ်တော့ရင်ထဲမကောင်းတာ
ရစ်ခီ့ကို တခြားသူတစ်ယောက်နဲ့ရီပြုံးနေတဲ့ပုံကို
တွေ့ခဲ့ရလို့ပါ
သာမန်လူအတွက်ဆိုရင်တော့ သဝန်တိုတာပေမဲ့
ထယ်ရယ့်အတွက်ကတော့ စိုးရိမ်ဝမ်းနည်းခြင်းတွေ
အတွေးလွန်ခြင်းတွေဆိုတာကို
ထယ်ရယ်သိမှာမဟုတ်ဘူး
သူနားလည်နိုင်တာက ဒါဟာ ဝမ်းနည်းစရာဆိုတာပဲ

အပြန်လမ်းတစ်လျှောက် ရစ်ခီက သူများကို
ခဏခဏရယ်ပြနေတဲ့မြင်ကွင်းကိုပဲ
ထယ်ရယ်မြင်ယောင်နေခဲ့တယ်
ထယ်ရယ်နဲ့ကျ ငိုလဲငိုတယ် ခဏခဏလဲရယ်မပြဘူး

ရစ်ခီပြောဖူးတာက တစ်ယောက်ယောက်နဲ့အတူရှိပြီး ပျော်ရွှင်နေရရင် အဲ့တာအချစ်ပဲတဲ့
ခုလဲ ရစ်ခီက တစ်ယောက်ယောက်နဲ့ရှိနေပြီး
ပြုံးရယ်နေတယ်လေ

ထယ်ရယ့်စိတ်တွေရှုပ်ထွေးလာတာနဲ့အမျှ
လက်ခုံကိုကုတ်နေတဲ့အရှိန်ကလဲ ပိုပြီးမြန်လာခဲ့တယ်

အိမ်ပြန်ရောက်တော့လဲ အဝတ်အစားလဲပြီး
တန်းအိပ်ပျော်သွားခဲ့တယ်
မျက်လုံးမှိတ်ပြီး မြန်မြန်အိပ်ပျော်သွားချင်တယ်လေ
အဲ့တော့မှ သူတွေးနေတာတွေအမြန်ပျောက်သွားမှာ

~

" စာတွေပို့ထားတာပဲ ချစ်စရာလေး

ယောင်းဂျီနူးနာ ရိုက်ပေးတာပဲနေမယ်

အရင်က အစားရွေးမယ်ထင်ခဲ့တဲ့ကောင်လေးလေ
စားကောင်းတွေစားနေရရင်များ ပျော်လို့

ရယ်နေတာလေးကြည့်ပါအုံး ချစ်ဖို့ကောင်းချက်ပဲ

တစ်ခါတည်းလက်ထပ်ချင်လိုက်တာ "

အမူးမခံနိုင်တဲ့ ရစ်ခီက
ဝိုင်3/4ခွက်လောက် သောက်လာခဲ့တာမို့
ရီဝေဝေနဲ့ တစ်ယောက်တည်းစကားတွေ
များနေတော့တယ်

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now