Ep - 4

674 94 1
                                    


" cafè HB ကပါရှင် ကြိုဆိုပါတယ် "

" ထယ်ရယ်ရေ cappuccino 2ခွက် "

" ဟုတ်... Cappu... Cappuccino 2.. 2 "

ဒီနေ့ဘာနေ့လဲတော့မသိပေမဲ့ ဆိုင်မှာလူကျနေလို့
မနက်အလုပ်လာကတည်းက ထယ်ရယ်သေချာမထိုင်ရသေးဘူး အလုပ်ရှုပ်တယ်ဆိုပေမဲ့ အလုပ်လုပ်တဲ့နေရာမှာတော့ ထယ်ရယ်တို့ မှားတယ်ဆိုတာမရှိ စေ့စေ့စပ်စပ်နဲ့ အမှားတစ်ခုရှိခဲ့တယ်ဆိုရင်တောင် မှတ်ထားပြီး
နောက်တစ်ခါမမှားဖို့
ကိုယ့်ကိုကိုယ်ရေရွတ်သတိပေးနေတတ်တယ်

" ထယ်ရယ် အမရယ် toiletခဏသွားချင်လို့
အော်ဒါကောင်တာနေရာမှာ ခဏစောင့်ပေးပါအုံး "

" ဟုတ်... ဟုတ် ကဲ့ "

အော်ဒါကောင်တာမှာ နေရရင်လဲ လုပ်တတ်အောင်ဆိုပြီး သင်ပေးထားတော့ မှတ်မိလွယ်တဲ့
ထယ်ရယ့်အတွက်က မခက်ခဲပါဘူး
မော်နီတာကို အာရုံစိုက်နေတုန်း...

" စတော်ဘယ်ရီ မစ်ရှိတ်တစ်ခွက် နဲ့ butter cake
ခါတိုင်းလိုပဲနော် "

" စတော်..ဘယ်ရီ မစ်.. ရှိတ်
မရ..မရဘူး ထယ်ရယ် မ..မဖျော်တတ်..ဘူး "

စကားလှမ်းပြောရင်း မော့ကြည့်လိုက်မိတော့
ဆံပင်ရွှေရောင်နဲ့ အရပ်ရှည်ရှည်ကောင်လေးတစ်ယောက် မျက်မှန်တွေအောက်မှာတော့
ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ မျက်ခုံးထူထူလေးတွေ
စာအုပ်တွေအများကြီးသယ်လာပြီး
တစ်ဖက်မှာလည်း laptopအိတ်ကိုသယ်လာပုံပဲ

အဲ့ကောင်လေးက ထယ်ရယ့်အဖြေကို
ဘယ်လိုပြန်ပြောရမှန်းမသိဘူးထင်ပါတယ်
ရပ်ပြီးစောင့်နေတယ်
ထယ်ရယ်ကလဲ သူမဖျော်တတ်တာကြီးမှာတော့
ဘာလုပ်လို့လုပ်ရမှန်းမသိ ပြာယာခတ်နေတာကို
အဲ့ကောင်လေးမြင်သွားတာလားမသိ

" ရတယ် ရတယ် ယောင်းဂျီနူးနာ လာမှပဲ "

ထယ်ရယ့်ထက် ငယ်လားကြီးလားတော့မသိပေမဲ့
အရပ်ကြီးကတော့ အရှည်ကြီးပဲ
စကားပြောပုံက ခပ်မာမာပေမဲ့ လူ့ဂွစာတော့
မဟုတ်လောက်ပါဘူး

" အား ရစ်ခီ ဆောရီး ဆောရီး
ထယ်ရယ်က Batista ဆိုတော့
coffee kitchenမှာပဲနေနေလို့ မသိတာ
ခါတိုင်းလိုပဲမလား "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now