Ep - 13

701 99 5
                                    

" ရောက်လာခဲ့တာပဲ ထယ်ရယ်
မင်းဖုန်းမကိုင်တော့ ငါ..ငါတို့ပြီးသွားပြီလို့
ထင်နေခဲ့တာ သိရဲ့လား "

ဒန်းပေါ်မှာထိုင်နေတဲ့ရစ်ခီက
သူ့ရှေ့မှာ ဘာစကားမှမပြောဘဲရပ်နေခဲ့တဲ့
ထယ်ရယ့်ကို ရီဝေဝေ မျက်ဝန်းတွေနဲ့
မော့ကြည့်လာခဲ့တယ် ရစ်ခီငိုချင်နေတာနေမယ်
ထယ်ရယ်လဲ ရင်တွေနာရတယ်
သူ ရစ်ခီကို မငိုစေချင်ဘူးလေ

စကားတွေအရင်ပြောလိုက်ရင်
အမှားတွေထပ်သွားနိုင်တာမလို့
အရင်ဆုံး ဖက်ထားပေးလိုက်တယ်

" ထယ်ရယ် ငါ့ကိုသဘောမကျတော့လို့လား
အဲ့တာကြောင့်စပြီးရှောင်နေတာလား? "

" အ..အရင် ဖက်...ထား ဖက်ထား ပေး...မယ် ရစ်ခီ့ကို "

နှစ်ဦးသား နှလုံးသားချင်းနားလည်ထားပြီးသားမလို့
စကားလုံးတွေက ပထမဦးစားပေး မဟုတ်ခဲ့ဘူး

" ပြီးရင်.. ရစ်ခီ့ကို ပြော...ပြောစရာ..ရှိတယ် "

" ခွဲရမဲ့စကားတွေဆို ငါနားမထောင်ဘူးနော် ထယ်ရယ် "

" မ..မဟုတ်..ဘူး ရစ်ခီနဲ့ ထယ်ရယ် မခွဲ..မခွဲဘူး "

" ဒါဆိုရပြီ ကျန်တာ ထယ်ရယ်ပြောသမျှ
နားထောင်ပေးမယ် "

" ရစ်ခီ..တ..တခြား..တစ်ယောက်နဲ့
ချစ်..ချစ်နေ..တာလား..ဟင်"

မရဲတရဲမေးလာတဲ့ ထယ်ရယ့်အမေးကြောင့်
ရစ်ခီခေါင်းနပန်းကျင်းသွားရတယ်
သူထင်ထားတဲ့စကားက ဒါမျိုးမဟုတ်ဘူးလေ
ဒီဟျောင်း ဘာတွေတွေးမိပြီး မေးလာတာပါလိမ့်
မတ်တပ်ထရပ်လိုက်ပြီး ခုံတန်းလေးဆီခေါ်သွားရတယ်
ရစ်ခီသေချာမေးမှရမယ်လေ

" ထယ်ရယ် ငါ့ကိုကြည့်အုံး ဒီစကားကို ဘယ်ကနေ
ဘယ်လိုဖြစ်ပြီးမေးရတာလဲ? ငါ့ကို နားလည်အောင်
သေချာပြောပြပါအုံး ဟင်!! "

" ရစ်..ရစ်ခီ ခဏ..ခဏ ရယ်နေ..တယ်
တခြားသူ..တစ်ယောက်...နဲ့ ထယ်ရယ်..ထယ်ရယ်
မြင်.မြင်ခဲ့ တယ် ဟို..တယ် ပီ..ပီဇာဆိုင်..မှာ
ရပ်..ရပ်နေတာ "

ရစ်ခီသေချာပြန်တွေးကြည့်မိတော့မှ
dinnerသွားစားရတဲ့ညပဲ
ဂျီအုံးနဲ့တွဲမြင်လိုက်ရတာကို
ထယ်ရယ် အမှတ်မထင်မြင်သွားပြီး
စိတ်မကောင်းဖြစ်နေခဲ့တာများလား

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now