Ep - 6

670 103 0
                                    

" အပြာ... အပြာရောင် မိုး..ပြာရောင်
တိမ်..ပုံလေး ပါ..တယ် "

ဟိုဘက်ခန်းကထယ်ရယ့်ရဲ့ အသံတိုးတိုးကြားတော့
ဝူဟျွန်း နိုးလာခဲ့တယ် မနက်အစောကြီး ဘာလုပ်နေလဲသွားကြည့်လိုက်တော့ သူ ပုံဆွဲနေတာ
မနက်5နာရီခွဲလောက်ကြီးလေ...

" ထယ်ရယ် မင်းမအိပ်ဘူးလား "

" နိုး.. နိုးလာ...တာ "

" မနက်အစောကြီး ဘာပုံတွေဆွဲနေတာတုန်း "

" တိမ်.. ကောင်းကင် ပြီး..ပြီးတော့ ရစ်... ရစ်ခီ "

" အယ် အင်းပါ အင်းပါ
မအိပ်ဘူးထင်လို့ လာမေးကြည့်တာ ဆွဲ ဆွဲ "

ဝူဟျွန်းလဲ ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့
ပြန်အိပ်ပြီး အားလပ်ရက်ကို အကျိုးရှိရှိအသုံးချတယ်

နောက်တစ်ခါ တစ်ရေးပြန်နိုးတော့
မနက် 9နာရီလောက်ရှိပြီ
အဲ့တာ ထယ်ရယ် ကော်ဖီဆိုင်သွားတဲ့အချိန်
မျက်နှာလေးထသစ်လိုက်ပြီး
မီးဖိုခန်းထဲဝင်ကြည့်လိုက်တော့ ထုံးစံမပျက်ပါပဲ
ဝူဟျွန်းဖို့ အလုပ်ပိတ်ရက် မနက်စာ

ထယ်ရယ့်မှာ ထူးခြားတာလေးတစ်ခုရှိသေးတယ်
အလုပ်သွားရက်နဲ့ ပိတ်ရက်တွေကို
သေချာခွဲခြားထားတာပဲ
အလုပ်သွားရက်ဆို တစ်နေ့လုံးစာအတွက်
menuသပ်သပ်
အလုပ်ပိတ်ရက်ဆို ဖွယ်ဖွယ်ရာရာချက်ကျွေးတယ်
ထယ်ရယ်က သူမှတ်ထားတာဆိုပြီးပြောပြဖူးတယ်
ပိတ်ရက်ဆိုတာ အားရှိအောင် အနားယူရ
ထမင်းသေချာစားရမဲ့ရက်တဲ့လေ

ထမင်းစားပွဲပေါ်မှာ ထူးထူးဆန်းဆန်း
စာထားခဲ့တာတွေ့လို့ ဖတ်ကြည့်လိုက်တော့

" ဝူဟျွန်းနား !
ဒီနေ့ ငါ ရစ်ခီနဲ့ မုန့်စားမှာ
ညနေ ကော်ဖီဆိုင်ကပြန်ရင်
ဝူဟျွန်း ညစာနောက်ကျမှာစိုးလို့
အမဲသားနှပ် မုန်ညင်းကြော်နဲ့ အသားလုံးဟင်းရည်
ညကျ microwave ထဲ ထည့်ပြီးမှ စား
ပြန်လာမယ်နော် ( စိတ်မပူရ ) "

မနက်တည်းက အစောကြီးထ ပုံဆွဲ
အဝတ်အစားသေချာရွေးပြီးပြင်ဆင်နေတော့
ထူးဆန်းပါတယ်ထင်နေတာ
လက်စသတ်တော့ သူက dateမလို့ကိုး

dateတယ်ဆိုတာကိုတော့
ထယ်ရယ်သေချာနားလည်မှာမဟုတ်ပေမဲ့
သူသဘောကျတဲ့သူနဲ့မုန့်သွားစားမှာ...
ဒါလေးကလဲ ထယ်ရယ့်အတွက်ရိုးရှင်းတဲ့
ပျော်ရွှင်မှုလေးပေါ့

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now