Ep - 9

653 103 0
                                    

" ထယ်ရယ်! ဘယ်သူနဲ့တွေ့ခဲ့တာလဲ ပြောပြမလား "

အနားမှာ အကုန်လုံးရှိကြတယ်
ဝူဟျွန်း ဟာအိုဟျောင်း ဟန်ဘင်းဟျောင်း နဲ့
ပြီးတော့ ...  ရစ်ခီရော

ထယ်ရယ်က ခေါင်းခါတော့ ဟန်ဘင်းက ထသွားပြီး
ကော်ဖီတစ်ခွက်ဖျော်ပေးတယ်

" ကော်ဖီ.. ကော်ဖီ "

" ကော်ဖီဆိုင်ကို သူငယ်ချင်းတွေလာကြရင်
ဘာလုပ်ကြလဲ ထယ်ရယ်သိလား "

" စကား..ပြောတယ် ဓာတ်..ပုံ ရိုက် ရိုက်တယ်
မုန့်..စား တယ် "

" ခုလဲ အဲ့လိုပဲပေါ့ ကော်ဖီသောက်ရင်း
စကားပြောတာလေ ထယ်ရယ်ရဲ့ "

" ပြောလို့.. မ ရ ဘူး "

ဘယ်လိုပဲမေးမေး အငြင်းဝါကျတွေပဲပြောနေတာမလို့
အကုန်လုံးက ပိုစိတ်ပူကြရတယ်

ရစ်ခီနဲ့ ဝူဟျွန်းတို့က ပြောပြလို့အဆင်ပြေကြောင်းကို
နာရီဝက်လောက်ရှင်းပြနားချတော့မှ
ကြောက်ကြောက်လန့်လန့်နဲ့ထုတ်ပြောလာတယ်
ထယ်ရယ့်လိုမျိုး စိတ်အခြေအနေသမားတွေရဲ့
ထုံးစံအတိုင်း ကြားခဲ့ဖူးတဲ့စကားတစ်ခွန်းကို
အထပ်ထပ်အခါခါ မှတ်မိနေပြီး တစ်လုံးမကျန်
ပြန်ပြောတာမလို့ ပိုပြီးထိတ်လန့်သွားကြရတယ်

ဒီလိုအခြေအနေနဲ့လူကို
ဒီလိုစကားတွေ ပြောထွက်တာတဲ့လေ
ထယ်ရယ့်ပြောစကားအရ
သူ့အကိုက ဆေးစွဲနေသူဖြစ်ကြောင်းကိုလည်း
ခန့်မှန်းမိကြတယ်

ဒါက အန္တရာယ်ရှိတဲ့အခြေအနေပဲ
ပြီးတော့ ထူးလည်းထူးဆန်းတယ်
ဘာလို့ဆို အခုထယ်ရယ့်ကို အန္တရာယ်ပြုနေတဲ့သူက
မိသားစု သွေးရင်းသားရင်းဖြစ်ပြီးတော့
အနားမှာတယုတယ ချစ်ပေးဂရုစိုက်ပေးနေတဲ့သူတွေက
သွေးသားမတော်စပ်တဲ့ သူစိမ်းတွေဖြစ်နေတာကြောင့်...

~

" ငါအမြဲတမ်း ဘယ်ကိစ္စကိုမဆို တွန့်ဆုတ်နေခဲ့တာ
ကျောင်းကိစ္စက လွဲလို့ပေါ့
ဒါပေမဲ့ ငါအခု ဘယ်ကနေထွက်လာမှန်းမသိတဲ့
သတ္တိတွေက ရှေ့ဆက်တိုးပါလို့ပြောနေသလိုပဲ "

" မင်းသေချာရင်တော့ နောက်မဆုတ်တာ
အကောင်းဆုံးပဲ မင်းကလူတွေအမြင်ကိုဂရုမစိုက်တဲ့သူပဲ
ရစ်ခီရာ ဒါမင်းအတွက် ခက်ခဲတာမဟုတ်ပါဘူး "

Heart Never Lies ( 마음은 거짓말을 않아 ) Where stories live. Discover now