ဒီနေ့ ရစ်ခီ့နားရက်
နှစ်ပတ်လောက် အလုပ်ရှုပ်ပြီးတဲ့နောက်မှာတော့
အဖိုးတန်နားရက်လေးကို အကျိုးရှိရှိအသုံးချဖို့
ထယ်ရယ့်ဆီ အပြေးလေးလာခဲ့ပြန်တယ်" ဟုတ်ကဲ့ပါ HB cafe မှ ကြို...ဆို
ဪ ရစ်ခီပါလား "" ရှူး တိုးတိုး နူးနာ! ထယ်ရယ်ရော "
" ကော်ဖီဖျော်နေတယ်
ဘယ်လိုဖြစ်ပြီးရောက်လာတာတုန်း "" ဒီနေ့နားရက်လေ လာတွေ့တာပေါ့ဗျ
ဒါနဲ့ ထယ်ရယ့်ကို ကောင်တာခေါ်ပေးပါလား ဟီး "" အမလေး ဖြစ်နေတာ ဖြစ်နေတာ
ထယ်ရယ်ရေ နူးနာ ဒီမှာလူရှုပ်နေလို့
အော်ဒါလေးလက်ခံပေးပါအုံးဝေ့ "" လာ .. လာပြီ နူး နာ "
အလုပ်ရှုပ်နေတာကနေ ကောင်တာဆီ
ခေါင်းလေးငုံ့ပြီး ကုပ်ကုပ် ကုပ်ကုပ်နဲ့
ထွက်လာခဲ့တယ် ရစ်ခီ့ကိုလဲ သူသတိမထားမိဘူး" ဘာမှာ.. မလဲ..ဗျ ဒီ..ဒီနေ့ special me..menuက
ချိစ့် ပီ..ပီဇာနဲ့ ca..caramel မစ်ရှိတ်..ပါ "" စတော်ဘယ်ရီမစ်ရှိတ်နဲ့ ထောပတ်ကိတ်ပေးပါ "
" ဟွန် !! ရစ်ခီ..ရစ်ခီနဲ့ မှာတာ..ချင်း တူ..တူတယ် "
တစ်ယောက်တည်း တိုးတိုးလေးပြောနေပြီး
ခုချိန်ထိ ရစ်ခီမှန်းသတိမထားမိသေးတဲ့ထယ်ရယ့်ကို
ကြည့်နေတဲ့ရစ်ခီကတော့ အသည်းယားလွန်းလို့
တိတ်တိတ်ကလေးခိုးရယ်နေရတယ်" ဝမ် .. ဝမ် 7500 ... ပါ
ငွေရှင်းဖို့ ကတ်.. ကတ် ဒါမှ.. မ..ဟုတ်
cash.. cash လဲ ရ..ရပါတယ် ""card နဲ့ပဲရှင်းပါမယ် "
" ဟုတ် .. ဟုတ်ကဲ့ "
cardထည့်လိုက်လို့ မော်နီတာမှာ Rickyဆိုတဲ့
နာမည်ပေါ်လာတော့မှ" ဟွန် .. ရစ် .. ရစ်ခီ လား "
အဲ့တော့မှ ထယ်ရယ် မော့ကြည့်လာခဲ့ပြီး
ကြောင်အအလေး ဖြစ်သွားတယ်" ဟား ဟား ဟား ထယ်ရယ်ရာ
ကိုယ့်ကောင်လေးတောင် ကိုယ်မမှတ်မိဘူးလားလို့
တကယ်ပါပဲ ချစ်စရာလေး "ပြောလဲပြော ခေါင်းလေးကိုလဲ ဖွဖွလှမ်းပုတ်ပေးတော့ ရှက်ကိုးရှက်ကန်းလေးနဲ့ရယ်တယ်
![](https://img.wattpad.com/cover/342213874-288-k168916.jpg)
YOU ARE READING
Heart Never Lies ( 마음은 거짓말을 않아 )
Fanfiction" ငါ ထယ်ရယ့်ကို ကာကွယ်ပေးမှာမလို့ ယုံပေးမလား ငါ့နောက်ကိုလိုက်ခဲ့ပေးမလား? " " ထယ်... ထယ်ရယ် ... ထယ်..ရယ် ဟိုး... တိမ်လေး... တိမ်လေးတွေကို သဘောကျ သလို...မျိုး ရစ်ခီ... ရစ်ခီ့ကို.. သဘောကျ..တယ် " Ricky x Taerae