တစ်စုံတစ်ယောက် ကိုယ့်အပေါ်လွှမ်းမိုးနေပြီဆိုရင် လွှမ်းမိုးခံရတဲ့သူမှာ သတိမထားမိပဲ နစ်ဝင်နေတတ်ကြတယ်။
ခါးကတော့ သိသိကြီးနဲ့ ပျော်ဝင်နေခဲ့တာ။
ခါးအပေါ် ပိုင်စိုးလွန်းလှပါသော အမျိုးကောင်းသားလေးအပေါ်မှာ ရုန်းမထွက်နိုင်အောင် နစ်ဝင်နေတာ။
ခါးထက်အသက်ငယ်တဲ့ ဒီအမျိုးကောင်းသားလေးဟာ ခါးအပေါ်လွှမ်းမိုးလွန်းလှတယ်။ သူ့ဘဝကိုသူစိတ်တိုင်းကျ တည်ဆောက်ပြီး ခါးကိုတော့သူစိတ်တိုင်းကျပုံသွင်းတယ်။"မောင် bar လာတာ ငါသောက်မလို့နော်''
"ခါးအစား မောင်အကုန်သောက်ပေးနေတာပဲ ခါးကငယ်သေးလို့ ပေးမသောက်တာ''
ပွဲတက်မယ့်မောင်က
ပွဲမှာရှိရမယ့်အစား barကိုဘယ်လိုရောက်လာသလဲ။ စရောက်တည်းက ခါးသောက်မယ့်ခွက်မှန်သမျှ သူပဲယူသောက်နေပြီး သူ့ထက်အသက်ကြီးတဲ့ခါးကို ငယ်သေးလို့ပေးမသောက်ဘူးတဲ့ မောင့်ရဲ့မျက်နှာပြောင်မှုကြီးကြောင့် ပြောစရာစကားတွေပျောက်ရှ။"မောင် မင်းသောက်ထားတာလေ ကားမမောင်းနဲ့ ငါမောင်းမယ်''
"မောင်မမူးသေးပါဘူး မောင်းနိုင်တယ် ခါးသာမောင့်ဘေးမှာ ဇိမ်နဲ့လိုက်ခဲ့''
မောင်ဆိုတာ အဲဒီလိုခပ်ပိုပိုကောင်။အဲဒီအပြောတွေနဲ့ ခါးကိုနစ်ဝင်စေခဲ့တာ။
"မောင် ငါ့ဆံပင်တွေ လာလာမဖွနဲ့ ကားကိုဂရုစိုက်မောင်းစမ်းပါ''
"ဒီလမ်းကို မျက်စိမှိတ်ပြီးတောင် မောင်းနိုင်တယ် မောင့်ခါးဘာမှမဖြစ်စေရဘူး''
အမူးသမားဆီက မောင့်ခါးဆိုတဲ့နာမ်စားကြောင့် လှိုက်ဖိုစွာရင်ခုန်မိပြန်တယ်။
မောင်ကကွာ ဟား.... ရူးလောက်တယ်။စိတ်ထွေလို့ bar လာတဲ့ကိုယ်က ပါးစပ်ထဲအရည်တစ်စက်မှမဝင်ပဲ အမူးသမားကိုတွဲပြန်ခဲ့ရတဲ့အဖြစ်။
ဒုန်း.....
"မောင် နာသွားသေးလား....ဖြေးဖြေးလှဲမှပေါ့ အိပ်ယာပေါ်မအိပ်ဖူးဘူးလား.....
ငါပြန်တော့မှာ လွှတ်''
"မူးနေတဲ့သူကို တစ်ယောက်ထဲထားပြီး ပြန်ရက်သလား ဟင် မောင့်ခါး''