"ကို ကို့သားက စေ့စပ်တဲ့အဆင့်ထိ ဖြစ်လာပြီနော် ကြည့်ပြောပါဦး ခုကတားရမယ့်အချိန်မဟုတ်ဘူးလား သားလေး ခံစားရမှာမမြင်ချင်ဘူးကိုရယ်''
"ဒီအထိဆိုမှတော့ ကိုတို့အခြေနေကြည့်ရတော့မှာပေါ့... တစ်ဖက်မိန်းကလေးရဲ့ ဂုဏ်သိက္ခာကလည်း ရှိသေးတယ်လေ ပြီးတော့မေမေ ဒါတွေအားလုံး သူရင်ဆိုင်ဖြေရှင်းရမှာ''
"ရွယ်လူးတုန်းက ကို ကိုယ့်စိတ်ကိုသိနေလို့ တော်ပါသေးရဲ့နော်''
"အင်း ကိုလည်းသိသိကြီးနဲ့တောင် မေမေပေးစားတဲ့မိန်းမကို ယူဖို့သွားရသေးတာပဲ သူ့တို့ကံကြမ္မာပေါ့...ကိုတို့အထင်မှားတာလည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲလေ ''
"အင်းပါ''
ပျော်ရွှင်နေရမယ့်အချိန်မှာ စိတ်တွေပြန့်လွင့်နေတဲ့သားကို မြင်ရတာအဆင်မပြေပေမယ့် သူတတ်နိုင်တာဘာမှမရှိ။
သူ့အဖွားကတော့ အတော်လေးပျော်နေတာ တပြုံးပြုံး။မယ်ဘွဲ့ဖြူအိမ်ရောက်တော့လည်း ထွက်ကြိုနေရှာတဲ့သူမက ပျော်နေပုံပင်။
အဖြူအောက်ခံမှာ အနီရောင်မြှားလိုင်းတွေပါတဲ့ ဝတ်စုံကိုခန္တာကိုယ်ပေါ်အောင်
ချုပ်ဝတ်ထားပြီး ရှည်လျားလှတဲ့ သူမဆံပင်တွေကို
အပေါ်တစ်လွှာသာ နောက်မှာဆံထုံးတစ်ဝက်ထုံးထားပြီး ကျန်တာအောက်မှာဖားလျားချတယ်။ အတော်လေးလှပပြီး ကျက်သရေရှိတဲ့ မိန်းကလေးပင်။သားဝင်လာပြီးမှ သူမမျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်ကုန်တာ။
လူကြီးတွေက လူငယ်နှစ်ယောက်ဝင်လာဖို့
စောင့်ဆိုင်းနေကြပေမယ့် စကားများနေကြသလားမသိ။"မောင်ဘယ်လိုတောင် ပြောထွက်နိုင်တာလဲ မယ့်ဂုဏ်သိက္ခာကို ထည့်တွက်မပေးတော့ဘူးလား''
"မောင်မလာတာမှမဟုတ်တာမယ် ပြီးတော့ စကားကြောင်းတာက လူကြီးတွေခြင်းပြောလို့ရတာပဲ ပွဲပျက်သွားတာလည်း မဟုတ်ဘူး ခါးမှာက မောင်ပဲရှိတာ ဟိုကသေရေးရှင်ရေးလေ ''
"တစ်ခြားလူကိုလွှတ်လိုက်ပေါ့ မောင့်ရုံးကလူယုံတွေဘာတွေ
"တော်ပြီမယ် ဟိုကကိုယ်တို့စကားများတာကို စောင့်နေနိုင်တဲအခြေနေမဟုတ်ဘူး ကိုယ်သွားပြီ''