ကျွန်တော်တို့ဟာ တစ်ချိန်မှာတော့ လမ်းပျောက်ဖူးကြမှာပဲ။
နှလုံးသားဆန္ဒနဲ့ ဦးနှောက်ရဲ့ဆုံးဖြတ်ချက်တို့ မညီမျှတဲ့အခါ အဲတာကိုလမ်းပျောက်တယ်လို့ ခေါ်မလား။
ဦးနှောက်က မင်းပြန်လိုက်သင့်ပြီလို့ပြောနေပေမယ့် နှလုံးသားကလေးကတော့ အယူခံဝင်နေဆဲပါ။
သုံးနှစ်လုံးရှာနေခဲ့တဲ့မောင်က အရူးကြီးလိုပဲ။ ခါးကိုတစ်ခြားတစ်ယောက်နဲ့မြင်ရတာ မောင့်ကိုရူးသွပ်စေတယ်။
မောင့်အပေါ် သစ္စာဖောက်ပါတယ်လို့ ပြောလို့လည်းမရ။ နောက်ဆုံးတော့ အပစ်အားလုံးဟာ မောင့်ဆီပဲပြန်လာတာပါပဲ။"မောင်''
အခန်းထဲမဝင်နိုင်သေးပဲ တံခါးဝမှာ တွေဝေငေးမောနေတဲ့ မောင့်ကို ခေါ်သံချိုချိုလေး။ မကြားရတာကြာပြီး လွမ်းမောရလွန်းတဲ့ ခေါ်သံလေး။
တွေ့ချင်လွန်းလို့ လိုက်ရှာခဲ့ရတာ ကမ္ဘာတစ်ပတ်။ နေရာသိပြန်တော့လည်း ဆုံနိုင်ဖို့အရေး သေလုအောင်ကြိုးစားခဲ့ရတယ်။
တွေ့ဖိုသတ္တိမရှိပြန်တော့ဘူးဆိုမှ တည့်တည့်လာတိုးနေတယ်။
မျက်နှာချင်းဆိုင်အခန်းထဲက ထွက်လာတဲ့ခါး။ သူတစ်ယောက်တည်းတော့မဟုတ်။
တစ်ဆိတ်မနာလိုစရာကောင်းလောက်အောင် သူတို့နှစ်ယောက်က ဖြူဖြူသေးသေးလေးတွေ။ မောင်လိုခါးနဲ့ဆန့်ကျင်ဘက် အသားရည်မျိုးမဟုတ်။ လူကလည်း ခါးနဲ့အကွာကြီးဖြစ်အောင် ခန္တာကိုယ်ကတောင့်ဖြောင့်နေသေးတယ်။ ဟိုလူကတော့ ခါးနဲ့သိပ်မကွာပါ။ ခါးအကြိုက်က ဒါမျိုးလေးတွေလား။
အနောက်တိုင်းသွေး စပ်တယ်ထင်ပါရဲ့
ထိုကောင်လေးမှာ မျက်လုံးပြာလေးတွေလည်း ရှိသေးတယ်။"မောင် ဟုတ်ပါတယ်နော်....ဘယ်လိုဖြစ်လို့
ဒီရောက်နေတာလဲ..... တစ်ယောက်တည်းလား.မယ်ရော''"မောင် မောင်ရှင်းပြပါရစေဦး.... အဲဒီနေ့က...
ဝုန်းခနဲအနားရောက်လာပြီး ခါးပခုံးတွေဆုပ်ကိုင်ကာ အရေးတကြီးဆိုလာတဲ့မောင်ကြောင့် လန့်သွားမိတယ်။ မောင်ကအရင်လို ရဲတင်းနေတုန်းပင်။
" p' သူက ''
စကားကိုတစ်ဝက်တပျက်ရပ်ကာ ခါးကိုကြည့်လာတာမို့ မေးချင်တာကို သဘောပေါက်ကာ ခေါင်းညိတ်ပြလိုက်တယ်။
ထိုခါမှ သူက....
