.စိမ်းပြာရောင်ရှပ်တစ်ထည်ကို အပေါ်ကကြယ်သီးနှစ်လုံးလောက်ဟကာ လက်တွေကိုတစ်တောင်ဆစ်မှာ ခေါက်တင်ထားတယ်။ ဝင်းဝါနေတဲ့သူ့အသားမှာ ထိုအရောင်က ဘယ်လိုဆွဲဆောင်မှုရှိနေလဲမသိတတ်အောင်။
အောက်ကဂျင်းဘောင်းဘီအနက်တစ်ထည်နဲ့ တွဲဖက်ဝတ်ထားတဲ့ စမတ်ဖြစ်နေမှု။ ဖုန်းတစ်လုံးကို လက်မှာကိုင်ရင်း လိုက်ရှာနေတယ်။အောက်ထပ်တစ်ခုလုံးကို နေရာအနှံ့လိုက်ရှာပေမယ့် မတွေ့။
ဒုတိယထပ်ကိုတက်လာတော့ မယ်နဲ့ရည်ရည်မွန်မွန်လူတစ်ယောက် ထိုင်နေတာတွေ့ရတယ်။"မောင်''
မောင်ဝင်လာတာမြင်တော့ လမ်းတစ်ဖက်ခြမ်းကို မျက်လုံးစွေကြည့်လိုက်တယ်။
တစ်ဖက်ကလည်း မောင့်ကိုမြင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာအသေချာပါ။ထိုစဥ်မှာပဲ မယ်ရပ်နေတဲ့ဒုတိယထပ်ကြမ်းပြင်က တသိမ့်သိမ့်တုန်လာတယ်။
ဘာ ဘာဖြစ်တာလဲ။
မောင်ကလည်း လှမ်းလက်စခြေလှမ်းတွေ တုံ့ကနဲ။
နောက်တော့ စားပွဲပေါ်က စားသောက်လက်စပန်းကန်တွေမှာလည်း နေရာရွေ့လာတယ်။"မောင် ဘာဖြစ်တာလဲ''
" ငလျင်လှုပ်နေပြီထင်တယ် မင်းလူကိုခေါ်ပြီးအပြင်ထွက်တော့ မောင့်ကိုမြန်မြန်ပြောပေး''
"ဘာ ဘာပြောပေးရမှာလဲ''
"ခါးရှိတဲ့နေရာလေ ဖုန်းထဲမှာမယ်က ခါးဘယ်မှာရှိလဲပြောမသွားဘူး''
"ဘာ.... အဲ့ကောင်ဘယ်နေရာမှာရှိလဲမေးဖို့လာတာပေါ့ မယ့်ဆီလာတာမဟုတ်ဘူးလား''
ငလျင်ကပို့ပြီးပြင်းလာကာ မတ်မတ်ရပ်နေဖို့တောင် မလွယ်တော့။
"မယ် မင်းမြန်မြန်ပြောတော့''
"မပြောဘူး လုံးဝပြောမပြနိုင်ဘူး မယ်တစ်ခြားတစ်ယောက်နဲ့အတူရှိနေတာကို ရှင်ဘယ်လိုမှမခံစားရဘူးလား''
ဒီအချိန်က ခံစားချက်တွေမေးနေရမယ့် အချိန်လား။ ခုလောက်ဆိုခါးဘယ်လောက်ကြောက်နေမလဲမသိ။ သူ့ဘေးကတစ်ခြားကောင်ကို အားကိုးနေမှာလဲ မောင်လက်မခံနိုင်ပါ။
"မင်းပါသာဘယ်ကောင်နဲ့အတူရှိနေနေ ငါစိတ်မဝင်စားဘူး ခါးကိုဘယ်မှာတွေ့ခဲ့တာလဲသာ မြန်မြန်ပြော''
![](https://img.wattpad.com/cover/342387617-288-k745438.jpg)