မောင်က သူ့အဖေဘက်က အဖိုးဖွားတွေရှိရာ ကုန်းသောင်ရွာကို တစ်လလောက် သွားနေရမှာမို့ လွန်းနဲ့အဆက်ပြတ်ကာ ပြန်လာတော့လည်း သူမကိုမေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။သူမဘက်ကလည်း အရင်လိုမောင့်ကို တွယ်ကပ်လာခဲ့ခြင်းမရှိ။
"ခါး တကယ်မလိုက်ဘူးလား တစ်လလောက်ကြာမှာပါဆိုကွာ ''
"မလိုက်တော့ဘူး မောင်''
"တစ်လဆိုတာ ဘာ အဓိပ္ပါယ် လဲ မသိတာလား အကြာကြီးခွဲနေရမှာဆိုတဲ့ အဓိပ်ပါယျ နော် မောင်တို့တစ်ခါမှ အဲလောက်ခွဲမနေဖူးဘူးလေ လွမ်းနေရမှာကွ လာစမ်းပါ လိုက်ခဲ့''
"ခါး သိပါတယ်... ဘယ်သူမဆို အချိန်တန်ကိုယ့်လမ်းကိုလျှောက်ကြရမှာပဲလေ ခွဲနိုင်ရမှာပေါ့''
မောင်က တဖြေးဖြေးစိတ်ဆိုးလာပုံပါ။
"ခါးက အလုပ်ကိုမဟုတ်သေးတာ နေကွာ မောင်ကဆင်းကဒ်ပါ ထုတ်ထားမှာ''
ခါး.ဆက်မငြင်းလိုတော့ပါ။ မောင်နဲ့ခွဲနိုင်လို့ မလိုက်ချင်လို့မှမဟုတ်တာ။ဖွားဖွားဒေါ်နရဏီက မောင်နဲ့ခါး ရင်းနှီးလွန်းတာကို မကြိုက်တာသိထားတဲ့ခါးအဖို့ ဟိုကအဖိုးဖွားတွေစိတ် ဘယ်လိုရှိမယ်မသိတာကြောင့် ခါးမလိုက်ရဲပါ။
မောင်ကစိတ်ဆိုးနေသော်လည်း သူ့ကိုကျောပေးကာ ကွေးကွေးလေးအိပ်နေတဲ့သူကို ခါးကနေသိမ်းဖက်ကာ အနားဆွဲကပ်ဖို့တော့မမေ့။ ခါးနဲ့အတူအိပ်တိုင်း သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ ဆွဲသိမ်းထားတတ်တာ အကျင့်တစ်ခု။
မနက်ဖြန်သူသွားရမှာမို့ ခါးကိုအိမ်ပြန်အိပ်ခွင့်မပြုနိုင်လို့သာ စိတ်ကတော့ဆိုးတုန်း။
ပုံမှန်ဆို ခါးကိုအိပ်ယာပေါ်လူးလှိမ့်နေအောင် ကလိယားထိုးရင်း စနောက်တတ်တာတွေ။ တစ်ခါတစ်လေ နှုတ်ခမ်းလေးတွေ မတော်တဆ ပွတ်တိုက်မိတာတွေ ဒီညတော့ဝေးလို့။
.
.
.
.
မောင်သွားတာ တစ်လမပြည့်သေးပေမယ့် ခါးကတော့ လွမ်းနာကျနေပါပြီ။
တကယ်ပဲဆင်းကဒ်ထုတ်ထားပြီး သူခေါ်ချင်မှထည့်ခေါ်တဲ့လူကြောင့် ပိုလို့လွမ်းရပါတယ်။ နောင်တတွေတသီကြီးနဲ့ မောင်တို့အသိုင်းဝိုင်းက ဘယ်လိုပဲဆက်ဆံနေပါစေ လိုက်သွားမိရင်ကောင်းသား ခုတော့ အလွမ်းဆိုတဲ့ကောင်နဲ့ တစ်လလုံးနေသားကျဖို့ စွမ်းနိုင်မယ်မထင်။
![](https://img.wattpad.com/cover/342387617-288-k745438.jpg)