.
လက်ထဲမှာကိုင်ထားတဲ့ ဖုန်းလေးချသွားတာကိုကြည့်ရင်း ရင်ဘတ်က ပြင်းပြင်းထန်ထန် ခုန်လှုပ်လာတယ်။
သွားပြီ။ မယ်ဘွဲ့ဖြူကို ဘာတွေသွားပြောလိုက်မိတာလဲ။ သေချာတယ်မောင်နဲ့ဝေးရတော့မှာ ခုနေပြန်တောင်းပန်ရင်တောင် မမှီလောက်တော့ဘူးထင်တယ်။
ခါးရယ် မင်းဘာတွေလျှောက်လုပ်နေတာလဲ ခံပြင်းစိတ်ဖြစ်လာရင်တောင် သည်းခံရမှာမဟုတ်ဘူးလား။
မယ်ဘွဲ့ဖြူကိုမှဘာလို့ ဒေါသတွေ ခနခနထွက်နေရတာလဲ။"ခါး ဘာဖြစ်လို့လဲ ကြည့်ပါဦးကြမ်းပြင်ကြီးမှာထိုင်နေတယ်''
"မောင် ခါးကြောက်တယ် ခါးကြောက်တယ် ခါးအနားမှာနေပါနော်''
"ဘာတွေ့လိုက်လို့လဲ မောင်ရှိတယ်မကြောက်နဲ့''
ရေချိုးပြီးစမောင်က ကြမ်းပြင်မှာပုံ့ပုံ့လေးထိုင်နေတဲ့ ခါးကိုဆွဲထူပြီး ကုတင်ပေါ်တင်ပေးလာတယ်။
သရဲတွေ့လိုက်လို့ ခါးကြောက်နေတာအထင်နဲ့ မောင်ကတော့ ရင်ခွင်ထဲဖက်အိပ်ပေးတယ်။ ဒီညကနောက်ဆုံးဖြစ်သွားမလားတောင် မသိနိုင်ဘူးရယ်။
မောင့်ရင်ခွင်၊ မောင့်ကိုယ်သင်းနံ့၊ မောင့်ဆီက ဂရုစိုက်မှု၊ ပိုင်စိုးပိုင်နင်းဆန်လှတဲ့ စိုးပိုင်မှုတွေ ဝေးရတော့မှာပါလား။
မောင် ငါတို့နှစ်ယောက်က ဘာတွေလဲလို့ထပ်မေးရင်။
နောက်ဆုံးအချိန်ထိ သူငယ်ချင်းလို့ ပြောဦးမှာမှတ်လား။.
.
.မောင်နဲ့ ဒီနွေခါးက ရိုးမှရိုးသားရဲ့လားဆိုတာ မယ့်စိတ်ထဲ အမြဲလွှမ်းမိုးနေတဲ့ပြဿနာ။
စိတ်ထဲကအရှုပ်တွေရှင်းချင်ရင် မောင့်နဲ့လမ်းခွဲလိုက်ယုံနဲ့ ကိစ္စပြတ်ပါတယ်။
နရဏီမောင်ဆိုတာလည်း ခပ်ချေချေကောင် မယ်ကသာလမ်းခွဲမယ်ပြောရင် တားနေမှာမဟုတ်ဘူး။
သူ့အချစ်ဦး ဆောင်းအိန္ဒြာကိုတောင် တစ်ချက်လေး ဆွဲထားရကောင်းမှန်းမသိဘူးတဲ့။ ဒါဆိုအဖြေကတစ်ခုပဲရှိတော့တယ်
မောင့်ကိုစွန့်လွှတ်နိုင်လား၊ မစွန့်လွှတ်နိုင်ဘူးလား ။ မစွန့်လွှတ်နိုင်ရင် ရအောင်ယူဒါပဲ။