"မြေးလေး ကြီးလာရင် ဖွားဖွားကို မြေးချွေးမလေးရှာလာပေးရမယ်နော်....ပြီးရင် ကလေးတွေအများကြီးမွေးပေး''
"ဟာဖွားကလည်း မောင်ငယ်သေးတာကို ဘာတွေလာပြောနေတာလဲ''
"ဟားဟား....ရှက်တယ်ပေါ့....အေးပါ... အေးပါ''
"မြေး...ဖွားဖွား ရှာပေးတဲ့ကလေးမလေးကို သဘောမကျဘူးလားကွယ်...တော်တော်လှတဲ့ဟာ''
"ဘာလှလို့လည်းဖွားရာ အရိုးပဒေသနဲ့ကိုများ''
"မင့် ခါးဆိုတဲ့ကလေးလည်း ပိန်တာပဲ''
"ခါးပိန်တာ ကြည့်ကောင်းတယ်လေ သူ့လိုမဟုတ်ဘူး''
"တော်စမ်းကွယ် အဲ့ကလေးနဲ့ မပေါင်းနဲ့''
"မောင့်ကိုချစ်ရင် ဒီတစ်ခုတော့ မတားနဲ့ မောင့်မှာခါးပဲရှိတာ''
"တယ်လေ ဒီကလေးတော့''
"မြေးအခုကြည့်နေတဲ့ ဇာတ်ကားထဲက မင်းသမီးလေး သဘောမကျဘူးလား တော်တော်လှတာနော် ဒါမျိုးလေးကို ဖွားမြေးချွေးမတော်ချင်တာ''
"မမဆောင်းအိန္ဒြာကို ပြောတာလား အရမ်းလည်းတော်၊ အရမ်းလည်းလှတယ်၊ပြီးတော့အကယ်ဒမီဆုတွေပါရပြီး အရမ်းအောင်မြင်နေတာလေ မောင့်ကိုမျက်လုံးထဲတောင် ထည့်မှာမဟုတ်ဘူး''
"ဘာလို့မထည့်ရမှာလဲ ငါ့မြေးလိုလူကို ဘယ်မိန်းကလေးက ငြင်းဆန်နိုင်မှာလဲ နရဏီမျိုးဆက်ရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရုပ်ရည်ကြည့်ဦးမလား အနောက်တိုင်းမင်းသားတွေလို ချောမောခန့်ညားနေတာ ဘယ်နေ ရာအပစ်ပြောစရာရှိလဲ ဖွားကိုပြော''
"ဟုတ်ပါပြီဖွားရာ မောင်ကြိုးစားကြည့်မယ် ထပ်မမြှောက်ပါနဲ့တော့ မောင်ရှက်လို့''
ထိုသို့သောမောင်နဲ့....
"သား မေမေတို့နဲ့ အမေရိကားကိုလိုက်ခဲ့ပါလားသားရယ်''
"မလိုက်ချင်ဘူးမေမေ ဖွားဖွားနဲ့နေခဲ့မယ်''
"သားဖွားဖွားက ဒီနိုင်ငံမှာပဲ ခေါင်းချမယ်ဆိုပြီး မလိုက်တာ ဖွားဖွားစောင့်နေရင် သားလိုက်ရမှာ မဟုတ်တော့ဘူး''
"ခါး သိပါတယ် ခါး မောင်နဲ့မခွဲနိုင်လို့ပါ''
"သားရယ်''