တစ်ခါတလေမှာ မောင့်ကိုချစ်ရတာ မရုန်းနိုင်တဲ့နွံထဲ နစ်နေရသလိုပဲ ရုန်းကန်လေလေ ပိုနစ်မြုပ်လေ။
ပုံရိပ်ရောင်ထဲမှာ ရောက်နေသူလို ခါးရဲ့ဖြစ်တည်မှုကဝေဝေဝါးဝါးပါပဲ။
မောင်ဆိုတဲ့ သံလိုက်စက်ကွင်းကနေ တစ်ယောက်ယောက် ဆွဲထုတ်ပေးပါ။
မောင်မလိုအပ်တော့တဲ့အချိန်မှ စွန့်ပစ်ခံရရင် ခါးကိုခါးပျောက်ဆုံးလို့ ပြန်ရှာနိုင်မှာမဟုတ်တော့ဘူး။
ခါးကအရင်စွန့်ခွာသင့်ပြီ မဟုတ်လား။
နှလုံးသားလေး မာကျောသင့်ပြီထင်တာပဲ။"ဟုတ်ကဲ့ မယ်တောင်းတဲ့အကူညီကို ခါးပေးပါ့မယ်''
တီ....တီ.....
ချသွားတဲ့ဖုန်းလေးကို ကျေနပ်သလိုကြည့်ကာ သူမရှေ့ကလူကို ပြုံးပြလိုက်တယ်။
"မင်းတစ်ကယ်လုပ်နိုင်လို့လား''
"အိုး....သူခုပဲလာမယ်လို့ ဖုန်းဆက်သွားတဲ့ဟာ မယ့်ကိုမယုံနိုင်သေးဘူးလား ဦးသီဟကိုးလ်ရယ်.....သူလာရင်သာ မယ်တို့ပူးပေါင်းမူအောင်မြင်ချင်တယ်''
"မင်းလုပ်နိုင်ရင် ဖြစ်စေရမှာပေါ့''
မယ်ဘွဲ့ဖြူဆိုတာ စီးပွားရေးလောကမှာ အရှုပ်ရှင်းကင်းပြီး ထက်မြက်တဲ့မိန်းကလေးပါ သူဘာကြောင့်အလုပ်တွဲမလုပ်နိုင်ရမှာလဲ။ အရင်ကသူ့ကိုချဥ်းကပ်ဖူးတာ တစ်ခုကြောင့်သာ ပရောဂျက်တွေမှာ ပူးပေါင်းမပေးခဲ့တာ။
သူ့ကိုချဥ်းကပ်ဖူးတဲ့ မိန်းမတွေထဲ မယ်ဘွဲ့ဖြူကိုတော့ ပြန်မချစ်နိုင်ပေမယ့် အတော်လေး အကောင်းမြင်စိတ်ရှိပါတယ်။"ဟော သူလာပြီ အချိန်ကို အကျိုးရှိရှိအသုံးချပါ မယ်သွားတော့မယ်နော်''
သူရောက်လာမှ ထထွက်ဖို့လုပ်တဲ့မယ်ကြောင့်....
"မယ် ကျွန်တော်ခုမှလာတာလေ မယ်ကဘယ်သွားမလို့လဲ ကျွန်တော်ပြန်ရမလား''
"အိုး....မလုပ်ပါနဲ့ခါးရယ် မယ့်ကိုကူညီမယ်ဆို.... အလုပ်ကိစ္စလေး အရေးကြီးလို့သွားရမှာပါ မယ်ဒီပူးပေါင်းမှုကို တကယ်ကိုမျှော်လင့်နေတာမို့ပါ ခါးအတွက်အပန်းမကြီးပါဘူး ကူညီပါနော်''
သူတို့နှစ်ယောက် အပေါက်ဝကြီးမှာ ရပ်စကားပြောနေတာ မကောင်းဘူးမို့လား.ဦးသီဟကိုးလ်ကလည်း လှမ်းကြည့်နေတာရယ်။
သူကပဲအလျော့ပေးလို့ ဝင်သွားလိုက်ရတယ်။