.~~~တို့နှစ်ယောက်ရဲ့ ဘဝဝေးခဲ့ဖူးတယ်...
.....မတွေ့ရတော့မှ လွမ်းမှန်းသိတယ်.....
....ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ်....သူငယ်....ချင်းရယ်.....မင်းနှုတ်ခမ်းလေး စွဲလမ်းဖူးတယ်.....
ဝေးခဲ့ရတော့ တမ်းတမိတယ် ....
ရိုးရိုးလေးပဲ တို့ချစ်ခဲ့တယ်...
သူငယ်.....ချင်းလေး......~~~မင်းအနားမှာ..အမြဲ
နေချင်တယ် မင်းရဲ့ပုံရိပ်လေးလဲ တမ်းတဆဲ...သူငယ်ချင်းလို့ပြောနေပေမဲ့
အမြဲ....ငါရင်ထဲက ချစ်နေခဲ့......အဆိုးဆုံးတွေကိုလဲ မြင်နေတယ်.
ဝေးရမှာကြိုသိတဲ့ ငါ့ရင်ထဲ...
သူငယ်ချင်းလို့ ပြောနေ ပေမဲ့...
.....အမြဲ~~~ငါ့ရင်ထဲကချစ်နေခဲ့...\\ရက်၊လ၊နှစ်တွေပြောင်းရင် ခံစားချက်တွေဟောင်းပြီး မှေးမှိန်သွားတတ်တယ်ဆို အဲဒီထဲမှာ မင်းမပါခဲ့ဘူးလား။ မပြည့်ခဲ့တဲ့ဆန္ဒလေးဟာ မင်းဖြစ်နေလို့များလား လွမ်းမောရ ၊ တသရနဲ့ တစ်ရက်လေးမှ မေ့မရခဲ့။
အရှောင်ကောင်းသူက ရှောင်ပြေးပုန်းသွားခဲ့ပေမယ့် လိုက်ရှာတဲ့ကိုယ်က ညံ့ဖျင်းနေတုန်းပဲ။ မင်းနဲ့မှမဟုတ်ရင်ဆိုတဲ့ တိုက်ဆိုင်မှုတွေကလည်း ကိုယ့်နှလုံးသားကို ကျင်းတူးပြီးသေခိုင်းနေဆဲပဲ။
ရယူလိုစိတ်မပါတဲ့ ပေးဆပ်မှုတွေဟာ စေတနာမှန်တဲ့အခါ အယူသက်သက်ကိုယ့်မှာ ပြိုရတာပါပဲ။
မင်းမှန်ပါတယ် မောင့်ခါးရယ်။
ဝေးကွာခြင်းဆိုတာကို စိတ်နဲ့တောင် မကူးဖူးတဲ့ကိုယ့်အဖြစ်ဟာ တိုင်ထိပ်ကရွက်လေးလိုပဲ လွင့်လွင့်လူးလူး။
တစ်နေ့ပြန်တွေ့ရမယ် သေချာပေါက်ပြန်ဆုံရမယ်ဆိုတဲ့ နှစ်သိမ့်မှုတွေဟာလည်း အလုပ်မဖြစ်တော့ဘူး ပိုးဟတ်ဖြူလေးရဲ့ အဲတော့မင်းပြန်လာမှကို ဖြစ်တော့မှာ။"Hello မောင် ခါးရဲ့သတင်းရလို့''
တစ်ဆိတ် သူဘာကိုကြားလိုက်မိတာလဲ။
"တစ်ကယ်..... တစ်ကယ်လား
ခါး ဘယ်မှာလဲ''သေချာနားထောင်ကြည့်ရင် ဟန်မပျက်ထိန်းပြောလိုက်ပေမယ့် မောင့်အသံတွေမှာ အဖျားခတ်တုန်ယင်လို့။
"မောင်က ဆိုရှယ်မီဒီယာမှမသုံးတာ ခါးကနီးနီးလေးမှာရှိနေတာ ခုခါးကထိုင်းမှာပဲ ရှိတယ်''