Ep.5(uni)

361 46 39
                                    

ညမီးရောင်စုံတွေကြား တရိပ်ရိပ်ပြေးနေတဲ့ကားလေးထဲ အတွေးကိုယ်စီနဲ့ မောင်နဲ့ခါး ထိုင်နေတယ်။ မောင်ဘာတွေတွေးနေလဲ ခါးမသိပေမယ့် ခါးကတော့ ကိုယ့်ကိုချနင်းကာ မောင့်ဆီကအမှတ်တွေယူနေတဲ့ မယ့်ဘွဲ့ဖြူအကြောင်း တွေးနေမိတယ်။

ဦးသီဟကိုးလ်နဲ့ အတူထိုင်နေရာဝိုင်းမှ မောင်လက်ဆွဲခေါ်ရာ လိုက်ပါလာရင်း မယ်ထိုင်နေရာဝိုင်းဆီ ရောက်သွားတော့.....

"မယ့်ဘေးမှာ ကိုယ်ထိုင်ခွင့်ရှိမလား''

"ဟင့်အင်း မယ့်ဘေးကနေရာက မောင်တစ်ယောက်တည်းအတွက် ....ဦးထားသူရှိတယ်''

မယ်က သူ့ဘေးထိုင်ခွင့်တောင်းနေတဲ့
ကောင်လေးကို လှလှပပငြင်းလွှတ်ခဲ့တယ်။ပြီးတော့သူလုပ်တာတော်တယ်မှလားလို့ မောင့်ကိုမေးချင်နေဟန်။
မောင့်မျက်နှာပေါ်မှာလည်း.ကျေနပ်ခြင်း တွေ ဖြတ်ပြေးလို့။
ပြီးမှမယ်က ခါးကိုကြည့်လိုက်ကာ....

"ခါးကို ဦးသီဟကိုးလ်ဆီက ခေါ်လာတာမှလား....ဘာလို့များ ခါးဘေးကနေရာကို သူများကိုပေးလိုက်ရတာလဲ''

နှိုင်းယှဥ်ပြထားသလိုကို အဖြေကတော့ရှင်းပါတယ် ။ မောင့်ဆီကအမှတ်ပိုရဖို့ ခါး
ကို ဆွဲဆွဲမထည့်ပါနဲလား။
မောင်ကပါမေးခွန်းထုတ်သလို ကြည့်လာတော့ ခါးငြိမ်နေလို့မရပြီ။

"ဘာလို့လဲဆိုတော့ ခါးဘေးကနေရာက ကွက်လပ်ဖြစ်နေလို့လေ... နေရာလွတ်နေရင် ဘယ်သူမဆို စိတ်ကူးယဥ်ကြမှာပဲ''

စိတ်ပေါက်ပေါက်နဲ့ ခါးဆိုလိုက်တဲ့စကားကြောင့် မယ်ကမျက်နှာတွေပျက်လို့။

ဘာလဲဒီစကားက မယ့်ရှေ့မှာတင် မောင့်ကိုမြူဆွယ်နေတာလား။

"မောင်ရော ဘယ်လိုထင်လဲဟင်''

"ခါးကအဲလိုပဲ အရမ်းအားနာတတ်တာလေ ဒါကြောင့်မောင်စိတ်မချတာပေါ့''

မောင်ကခါးကို တစ်ယောက်တည်း ထားခဲ့မိတာနဲ့တင် အားနာကာ အပစ်မဆိုနိုင်တာသိတာပေါ့။ ခါးတို့နှစ်ယောက်ကြားက သံယောဇဥ်တွေ နားလည်မှုတွေကို ခင်ဗျားလျော့တွက်လွန်းတယ်။

"ခါး.........ဘာတွေတွေးနေတာလဲ''

ရုတ်တရက် ခါးပေါင်ပေါ် ခေါင်းအုံးလာတဲ့မောင်ကြောင့် ကျောလေးတွေမတ်လိုက်မိတယ်။ တရိပ်ရိပ်ပြေးနေတဲ့ကားလေးထဲ မောင်ကပင်ပန်းနေသလို မျက်ဝန်းတို့မှိတ်လို့။ မောင့်မျက်ခုံးနက်ထူထူတွေက ထင်းရှားလွန်းတော့ ငယ်ငယ်ကမျက်ခုံးမှာ မျော့ကပ်နေတဲ့ကောင်လို့ အနိုင်နဲ့ပိုင်းပြောဖူးတာ သတိရမိတယ်။
ခုများတော့ အဲဒီမျက်ခုံးနက်တွေက မိန်းကလေးတွေရဲ့ရင်ကို ခပ်နက်နက်လေးထွင်းမယ့် လက်နက်တစ်စုံဖြစ်လာခဲ့ပေါ့။
မျက်ခုံးကြမ်းထူထူအောက်က ရှည်လျားလှတဲ့မျက်တောင်စင်းစင်းတွေ ခါးထိတွေ့ကြည့်ချင်တယ်။ မောင့်မျက်နှာအစိတ်ပိုင်းတစ်ခုစီတိုင်းက သေချာထွင်းထုထားတဲ့ ဂရိနတ်ဘုရားတစ်ပါးရဲ့ပုံရိပ်တွေလို ထည်ဝါလွန်းတယ်။ ဝင်းမွတ်နေတဲ့ပါးပြင်ပေါ်က သွေးကြောရေးရေးလေးတွေ ထိတွေ့ပွတ်သပ်ချင်စိတ်နဲ့ လက်တပြင်ပြင်။

စွဲထင်ရစ်လေသောWhere stories live. Discover now