Ep.9(uni)

518 44 28
                                    

လေကြမ်းတွေက ငြိမ်သွားပြီ။
ပုံမှန်မိုးလေးသာ ကျန်နေပြီး အေးစိမ့်စိမ့်နဲ့ နေလို့ကောင်းတယ်။
သူ့ကိုယ်ပေါ်မှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ လူကြီးလေးက အပူပင်မဲ့လို့ သူ့မှာသာ တစ်စုံတစ်ရာနဲ့ တိုက်ခိုက်နေရတာမို့ ခုထိမအိပ်နိုင်သေး။
ကျေးဇူးပါခါးရယ် မောင့်ကိုယုံကြည်ပေးခဲ့လို့ မဟုတ်ရင်မောင့်ကိုမောင် အပစ်တင်စိတ်နဲ့ တစ်သက်လုံး နေသွားရတော့မှာ။
သိများသွားရင် ဖြူဖြုစင်စင်နဲ့ တစ်သက်လုံး စောင့်ရှောက်သွားပါ့မယ်ဆိုတဲ့ကတိကို မတည်သူအဖြစ် ရွံရှာသွားလေမလား။
အပေါ်ယံအရေပြားတွေလန်ပြီး သွေးစို့နေတဲ့ လက်ကိုမြှောက်ကြည့်ကာ ပြုံးလိုက်မိတယ် ဒီလိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီပွဲကိုမောင်အောင်နိုင်ခဲ့တယ်နော်။
မောင်ကျေနပ်ပါတယ် ဒါဟာမူမမှန်တဲ့မောင့်အတွက် ပစ်ဒဏ်ပဲ။

ကိုယ့်အိမ်ကအိပ်ယာထဲမှာမဟုတ်ပဲ လမ်းဘေးကားထဲမှာ ရောက်နေတာကြောင့်ရော၊ မိုးကြမ်းလေကြမ်းတွေကြောင့်အပြင်
မောင့်ပေါင်ပေါ်မှာရောက်နေတဲ့ လူကြီးလေးကြောင့်ပါ တစ်ညလုံးအိပ်မပျော်ပဲရှိခဲ့ပြီး ခနလေးမှေးခနဲ အိပ်ပျော်သွားချိန် မှန်တံခါးလာခေါက်နေသံကြောင့် နိုးလာတယ်။
မှန်တံခါးကို နှစ်လက်မလောက်သာဟပေးပြီး ထိုအတိုင်းပြောစေတယ်။

"အကိုလေးနိုးပြီလားဗျ..... မိုးမကျတော့ဘူး ဟို မိုးလည်းလင်းပြီဆိုတော့လေ အကိုလေးတို့ရွာကို အရင်သွားနှင့်မလားလို့..... ကျွန်တော်က ကားဆွဲတဲ့လူတွေလာပြီးမှ လိုက်လာရမယ်ထင်တယ်..... ဟိုမှာကျွန်တော်အစစအရာရာ ပြောပြထားပြီးသားပါ ......အကိုလေးတို့ကို ကြိုနေကြမှာပါ''

" OK သွားနှင့်မယ်.... ခါးကို ကိုယ်နှိုးထားမှာမို့ ကားထဲကသူ့အဝတ်တွေ အရင်ယူပေး ....သူ့အဝတ်တွေက မိုးရေကြောင့်ညစ်ပတ်နေပြီ ''

"ဟုတ်ကဲ့ဗျ''

ရင်ဘတ်မှာခေါင်းစိုက်ပြီး ကပ်နေတဲ့ သတ္တဝါလေးကို မနှိုးခင်ဆွဲခွာလိုက်ပြီး နဖူးကို အနမ်းလေးတစ်ချက် အရင်ခိုးပေးလိုက်သေးတယ်။ ပြီးမှခပ်တည်တည်နဲ့.....

"ခါး ထတော့ ရွာသွားရမယ်''

"ဟင်......... အင်း''

"လမ်းခရီးမှာဘယ်လိုတောင် သတိလက်လွတ်အိပ်နိုင်ရတာလဲ ဒီလောက်ထိ''

စွဲထင်ရစ်လေသောWhere stories live. Discover now