ညကလွမ်းမက်ရလွန်းလို့သာ ခါးကိုရင်ခွင်ထဲဆွဲသွင်းထားပေမယ့် ရင်မောစွာ အတော်နဲ့ အိပ်မပျော်ခဲ့ပေ။ သူနိုးလာတော့ အိပ်ယာပေါ်ဘယ်သူမှမရှိတော့ မောင်တစ်ယောက်တည်းသာ။
သူ့ရဲ့မနက်ခင်းလေးက အေပရွန်ကိုခါးမှာပတ်ပြီး ချက်ပြုတ်နေတယ်။ မနက်စာပြင်နေတာထင်ပါရဲ့ ဟိုကောင်လေးကိုတော့ မတွေ့။
ဖုန်းကိုယူပြီး Rain ဆီဖုန်းခေါ်ကာ အသံအုပ်အုပ်နဲ့ စကားပြောရတယ်။"Rain မင်းအခန်းကိုငါယူလိုက်တော့မယ်..... မင်းအခန်းက ခါးနဲ့မျက်နှာချင်းဆိုင်ကွ''
.''..........''
"ကံကောင်းမနေပါဘူးကွာ ငါကခါးအတွက် လူပိုသက်သက်ဖြစ်နေမလားတောင် မသိနိုင်ဘူး.....ဒါပဲဟျောင့်''
ရေချိုးခန်းထဲကနေ ဟိုကောင်လေးထွက်လာတာမြင်တော့ ဖုန်းကိုအမြန်ချလိုက်ပြီး အိပ်ယာထလိုက်ရတယ်။
မောင် ရေချိုးပြီးထွက်လာတော့ ခါးနဲဟိုကောင်လေးက စားပွဲမှာထိုင်စောင့်နေကြတယ်။
"မောင်လာလေ မနက်စာစားရအောင် မောင့်ကိုစောင့်နေတာ''
ခေါင်းညိတ်ပြပြီး စားပွဲမှာဝင်ထိုင်တော့ ငှက်ပျောအူပါတဲ့ ဟင်းရည်နံ့သင်းသင်းကို ရလိုက်တယ်။
"ဝါး....မောင်အကြိုက်ဆုံးမနက်စာပဲ မုန့်ဟင်းခါးနံ့ကမွှေးနေတာပဲကွာ''
"များများစားနော်''
မောင့်အတွက်ဟင်းရည်ထည့်ပေးပြီး စကားထပ်မပြောဖြစ်တော့ပါ n' က မျက်နှာတွေပျက်နေပြီမို့။
မနက်စာကို ထွေထွေထူးထူး လုပ်မစားဖြစ်တာကြာပါပြီ ဒီမနက်ပြင်ဆင်နေတာတွေမြင်တော့ n' သတိထားကြည့်နေတာ ခါးသိပါတယ်။မနက်စာစားပြီးတော့ ခါးကအသံသွင်းဖို့ရှိတာမို့ အပြင်သွားရန်ပြင်ရတယ်။ n' က အနားလာပြီး....
" p' သူက ဘယ်သွားသွားလိုက်မယ့်ပုံပဲ Studio ပါလိုက်လာရင် ဘယ်လိုလုပ်မလဲ သူကရဲရဲတင်းတင်းနဲ့ အဲ့ကလူတွေရှေ့ ကျွန်တော်အရှက်ကွဲမှာနော်''
"အင်းပါ မောင့်ကိုထားခဲ့မှာပါ''
အဝတ်စားလဲနေတဲ့မောင်က သူမလိုက်ရဘူးဆိုတာသိတော့ အဝတ်တွေဆွဲချွတ်ကာ ကုတင်ပေါ်ပြန်လှဲသွားတယ်။ မျက်နှာက မကြည်သာတော့ပေမယ့် စိတ်ထိန်းထားပုံပါ။ မောင့်ဘဝမှာ ခါးဆီကအငြင်းစကားဆိုတာ တစ်ခါမှမကြုံဖူးလေတော့ ခံရခက်မှာပါ။ ခါးလည်းရင်နာရပါတယ်မောင်။